မြန်မာနိုင်ငံအနှံ့ ကမ်းခြေသစ်များ ဖော်ဆောင်သွားမည်
သာယာလှပပြီး ကမ်းခြေအင်္ဂါ နှင့် ညီညွတ်သည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးရှိ နေရာများ၌ ကမ်း ခြေအသစ်များ ဖော်ထုတ်သွားရန် စီစဉ် ဆောင်ရွက်နေသည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရ သည်။
''အလားအလာ ကောင်းတဲ့နေရာ တွေမှာ ကမ်းခြေသစ်တွေ ဖော်ထုတ် သွားမယ်။ အခြေခံ အဆောက်အ အုံ တွေ လိုအပ်ချက်ရှိနေသေးပေမဲ့ လမ်း ပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ဒေ သတွင်း တည်ငြိမ်အေး ချမ်းတယ်၊ သ ဘာဝအတိုင်း တည်ရှိနေတယ်ဆိုရင် ဖော်ထုတ်လို့ရပါတယ်''ဟု ဟိုတယ်နှင့် ခရီးသွားလာ
ရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးတင် ဝေက ပြောသည်။
ကမ်းခြေအသစ် ဖော်ဆောင်ရန် အလားအလာကောင်းသည့် ကမ်းခြေ များမှာ တနင်္သာရီတိုင်းဒေသကြီး မြိတ် ကျွန်းစုရှိ နေရာတချို့၊ မွန်ပြည်နယ် ရေး မြို့ရှိ ကုလားဂုတ်ဒေသမှ နေရာတချို့ နှင့် ရခိုင်ပြည်နယ်ရှိ ကမ်းခြေတချို့တို့ ဖြစ်ကြောင်း သိရသည်။
ကမ်းခြေအသစ်များ ပေါ်ထွက်လာ လျှင် ခရီးသွားဧည့်သည်များ အတွက် အပန်းဖြေစရာနေရာများ တိုးလာ ကာ ရွေးချယ်စရာ နေရာပိုများလာမည်ဖြစ် ပြီး ယင်းဒေသရှိ စီးပွားရေးလုပ်ငန်း များနှင့် အလုပ်အကိုင် အခွင့် အလမ်း များအတွက် အထောက်အပံ့ ပေးနိုင် မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ ဟိုတယ် နှင့် ခရီးသွားကဏ္ဍ လည်း ဖွံ့ဖြိုးလာမည် ဖြစ်ကာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုများလည်း ပိုမိုဝင်ရောက်လာ နိုင် မည်ဖြစ် သည်။
''အခြေခံ အဆောက်အအုံတွေ ဖြည့်ဆည်းပေးဖို့တော့ လိုတာပေါ့။ ယခု အချိန်က ဟိုတယ်နဲ့ ခရီးသွားလုပ် ငန်း ကဏ္ဍ ဖွံ့ဖြိုးလာချိန်ဆိုတော့ တခြား ကမ်းခြေတွေလဲ နောက်ပိုင်းမှာ အလား တူ ဖွံ့ဖြိုးလာပါလိမ့်မယ်'' ဟု ယင်းက ဆက်ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ် ရေးမြို့ ရှိ ခေါဇာမြို့အနီး ကဗျာဝ ပင်လယ် ကမ်းခြေအနီး အပန်းဖြေကမ်းခြေ စီမံ ကိန်းကို လုပ်ကိုင်ခွင့်ရရှိသည့် ဗကမကာ မှ စတင် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး လာမည့် ၂ဝ၁၇ ခုနှစ် တွင် စီမံကိန်းအားလုံး ပြီးစီးနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေ ကိုလည်း နိုင်ငံတကာအဆင့်မီ ကမ်း ခြေတစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် လေ့ လာမှုများ စတင်နေပြီး အကောင်အ ထည် ဖော်တော့မည်ဖြစ်ကြောင်း သိရ သည်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာတွင် မြန်မာနိုင်ငံ၌ ကမ်းခြေ ခုနစ်ခု ရှိပြီး အဆို ပါကမ်းခြေများ၏ သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်း ကြရန်၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမ ရှိစေ ရန်နှင့် ရေရှည်တည်တံ့သော ကမ်းခြေ ဖြစ်စေရန် စသည့်အချက်များပါရှိသည်။
အထက်ပါ ထုတ်ပြန်ကြေညာထား သည့် ကမ်းခြေခုနစ်ခုမှာ မွန်ပြည်နယ် မှ စက်စဲကမ်းခြေ၊ ရန်ကုန်တိုင်း
ဒေသ ကြီး ကွမ်းခြံကုန်းမြို့နယ်မှ လက်ခုပ်ကုန်း ကမ်းခြေ၊ ဧရာဝတီတိုင်းဒေသကြီးမှ ချောင်းသာနှင့် ငွေ
ဆောင်ကမ်းခြေ၊ ရခိုင် ပြည်နယ်မှ ငပလီနှင့် ကမ်းသာယာကမ်း ခြေ၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မှ မောင်းမကန်ကမ်းခြေတို့ ဖြစ်ကြောင်း သိရသည်။
ဖြူသစ်လွင် | Yangon Media Group

မှတ်ချက်များ