၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကျင်းပမည့်အပေါ် စိတ်ပျက်မိကြောင်း ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ဝေဖန်


ပရီးမီးယားလိဂ် အမှုဆောင် ချုပ်ဖြစ်သူ ရစ်ချက်စကူဒါမိုးလ်က ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပုံမှန် ကျင်း ပနေသည့် ဇွန်၊ ဇူလိုင်လများ အစား နိုဝင်ဘာလ၊ ဒီဇင်ဘာလများ တွင် ကျင်းပမည့်အပေါ် အလွန်အ မင်း စိတ်ပျက်မိကြောင်း၊ ပရီးမီးယား လိဂ်၏ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအ ချိန်ကို ဖျက်စီးသလိုဖြစ်နေကြောင်း ပြန်လည်ဝေဖန်ခဲ့သည်။

''၂ဝ၂၂ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ဖီဖာရဲ့ထုတ်ပြန်မှုက ပရီးမီးယားလိဂ် အတွက် စိတ်ပူစရာအနေအထား ဖြစ် စေသလို စိတ်ပျက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ပြိုင်ပွဲကျင်းပရေး အတွက် အကျိုးအမြတ်ရှိကောင်းရှိ နိုင်ပေမဲ့ ပရီးမီးယားလိဂ်အတွက်က တော့ အနုတ်လက္ခဏာဆောင်တဲ့ ထုတ်ပြန်ချက်ပါပဲ'' ဟု ပရီးမီးယား လိဂ် အမှုဆောင်ချုပ်ဖြစ်သူ ရစ်ချက် စကူဒါမိုးလ်က ဝေဖန်ပြောကြားသွား ခဲ့သည်။

ကာတာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အဆိုပါ ၂ဝ၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအား အပူချိန်လျော့ နည်းရာ ဆောင်းရာသီတွင် ကျင်းပ ရန် စီစဉ်ခဲ့ခြင်း ကြောင့် ခရစ္စမတ်ကာ လ ပရီးမီးယားလိဂ်ပွဲစဉ်များမှာ အချိန် ပြောင်းလဲကျင်းပ ရမည့် အခက်အခဲ နှင့် ရင်ဆိုင်နေရသည်။

ယင်းကဲ့သို့ ဝေဖန်မှုများထွက် ပေါ်နေခဲ့သော်လည်း ဖီဖာဥက္ကဋ္ဌ လောင်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပေါ်တူဂီလက်ရွေးစင်ဟောင်းဖြစ်သူ ဖီဂိုကမူ ဖီဖာ၏ဆုံးဖြတ်ချက်အပေါ် ထောက်ခံခဲ့ပြီး ကာတာလိုအပူပိုင်း နိုင်ငံမျိုးမှာ ဆောင်းရာသီအတွင်း ကျင်းပရန် စီစဉ်ခဲ့မှုအပေါ် ထောက် ခံခဲ့ကြသည်။

WKM | ဒီမိုကရေစီတူဒေး

မှတ်ချက်များ