ရခိုင်ပြည် နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့်နှစ် မတ်လ အတွင်းက ဖြစ်ပွားခဲ့သည့် NGO ရုံးခန်းများဖျက်ဆီးခံ ရမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူများအနက် ခုနစ်ဦးကို ဖေဖော်ဝါရီ ၂၅ရက်တွင် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်သည်။
တစ်နှစ်စီချမှတ်ခံရသူများမှာ မောင်စောလှိုင်၊ ဦးသိန်း
မောင်၊ ဦးခင် ဝင်း၊ ဒေါ်ခင်နုချေ၊ မောင်ညီညီစိုး၊ ဒေါ် ခင်ချိုချိုနှင့်မောင်လှချေတို့ဖြစ် ကြကြောင်း ယင်းတို့၏ အမှုကိုလိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ က အမိန့်ချမှတ် အပြီးတွင် ပြောသည်။
''သူတို့တွေကို ပုဒ်မသုံးခုနဲ့တရားစွဲခဲ့တာဖြစ်ပေမယ့် အဲဒီပုဒ်မ သုံးခုစလုံး အတွက် တစ်ပေါင်းတည်း အနေ နဲ့တစ်နှစ်စီပဲချမှတ်ခဲ့တာပါ'' ဟု ယင်းက ဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁ဝ ဦးရှိခဲ့သော် လည်း ဒေါ်ခင်မြဝင်း၊ ဒေါ်သိန်းခင် အေးနှင့် ဦးမောင်သိန်းဝေတို့ သုံးဦး မှာ ပြစ်မှု ထင်ရှားမရှိသဖြင့် တရား သေလွတ်မြောက်ခဲ့သည်။
စစ်တွေတွင် ပြီးခဲ့သည့်နှစ် မတ်လ ၂၆ရက်နေ့ညနှင့် ၂၇ရက် နေ့တို့တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် ကြောင့် NGO ရုံး ၂၉လုံးအဖျက် ဆီးခံခဲ့ရသော်လည်း ယခုအမိန့်ချမှတ်ခြင်းခံခဲ့ရသူများကို ဓညဝတီရပ် ကွက်ရှိ NGO ရုံးတစ်ခုကို ဖျက်ဆီး မှု၌ပါဝင်သည်ဟုဆိုကာ ယင်းရပ် ကွက်အုပ်ချုပ်ရေးမှူးက တရားလို ပြု၍ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်တွင်ပါဝင်သည်ဟုစွပ်စွဲဖမ်းဆီးခံထားရသူများမှာ အစပိုင်း တွင် ၁၂ဦးရှိခဲ့သော်လည်း ဖမ်းဆီး ပြီးနောက် မကြာမီတွင် အသက် ၇ဝ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ကျန်းမာရေးအခြေအနေအရ ပြန် လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသားတစ် ဦးမှာ အမှုရင်ဆိုင်နေရသည့်အချိန် တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့စဉ် လုံခြုံရေးရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် အသက် ၁၁နှစ်အရွယ် ဒေသခံမိန်း ကလေးငယ်တစ်ဦးလည်း ကျည်ဆန် ထိမှန်သေဆုံးခဲ့သေးသည်။
ဒီမိုကရေစီတူဒေး
ပင်မ
/
စစ်တွေရှိ NGO ရုံးများ ဖျက်ဆီးခံရမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူများအနက် ခုနစ်ဦးကိုထောင် တစ်နှစ်စီချ၊ သုံးဦး တရားသေလွတ်မြောက်

မှတ်ချက်များ