ပန်ဒါချည်မျှင်စက်ရုံတွင် လုပ်ငန်းခွင်ပြန်ဝင်ခွင့်ရရှိရေးနှင့် နေရာထိုင်ခင်းရရှိရေး အတွက် ဆန္ဒပြနေစဉ် ရာသီဥတုဒဏ်ကြောင့် သပိတ်မှောက်လုပ်သား နှစ်ဦးသေဆုံးခဲ့ရဟုဆို


မန္တလေး တိုင်းဒေသကြီး ပလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်နှင့် အထည်စက်ရုံတွင် အ လုပ်ရှင်နှင့် အလုပ်သမား ကြား တစ် ကျော့ပြန်အငြင်းပွားမှုကို နှစ်ဖက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုမရှိခဲ့၍ သပိတ်မှောက်ခြင်း၊ ဆန္ဒပြ
တောင်း ဆိုခြင်းများပြုလုပ်လျက်ရှိပြီး ယခု အခါ ၆၆ ရက်ကြာခဲ့ပြီးနောက် ထိုင် သပိတ်ဆန္ဒပြနေစဉ် ရာသီဥ တုဒဏ် ကြောင့် သပိတ်မှောက်အလုပ်သမား နှစ်ဦး တစ်ရက်တည်းသေဆုံးသွား ခဲ့ကြောင်း ပန်ဒါအခြေခံ အလုပ်သ မားအဖွဲ့အတွင်းရေးမှူး ဒေါ်ဇာခြည် ဝင်းက ပြောသည်။

ဖေဖော်ဝါရီ ၁၉ရက်က ပလိပ် မြို့တွင် ဒုတိယအကြိမ်လမ်းလျှောက် ဆန္ဒထုတ်ဖော်ပြီး လေးရက်မြောက် နေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက် တွင် လုပ်သက် ၁၅ နှစ်ရှိ ဦးဝင်း အောင် ၃၉ နှစ်နှင့် ညနေ ၅ နာရီ တွင် လုပ် သက် ၂ဝ နှစ်ရှိ ဦးချိုတူး ၄၆ နှစ်တို့သည် ရာသီဥတုဒဏ် ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဦးဝင်းအောင်က အရင်က တည်းက ရောဂါအခံရှိတယ်၊ ကျန်း မာရေးသိပ်မကောင်းဘူး၊ အခုလို ကိုယ်ခံ အားနည်းတဲ့လူက အပြင်မှာ နှစ်လကျော် အအေးဒဏ်ခံခဲ့ရပြီး သေဆုံးခဲ့တာပါ၊ ဦးချိုတူးက ဘာ ရောဂါမှမ ရှိဘဲ မြေကြီးကို ခေါင်း အုံးအိပ်ခဲ့ရလို့ အအေးပတ်ပြီး ရုတ် တရက် ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ တယ်၊ နှစ်ယောက်စလုံး တစ်ရက်တည်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်၊ ဈာပနကို သပိတ်စခန်း က ဆန္ဒပြလုပ်သားအားလုံး လိုက်ပို့ ပေးခဲ့ပေမယ့် ပန်ဒါကုမ္ပဏီဘက် က တစ်ယောက်မျှလိုက်ပို့ပေးတာ မရှိဘူး''ဟု ယင်းက ပြောကြား သည်။

ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံ တွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် က နဃ စာချုပ်ချုပ်ဆိုသူသာ စက်ရုံ အတွင်းသို့ ဝင်ရောက်အလုပ်လုပ်နိုင် ကြောင်း စက်ရုံမှထုတ်ပြန်ချက် ကြောင့် အလုပ်သမား ၇ဝဝ ကျော် က ငြိမ်းချမ်းစွာ ဝင်ခွင့်ရရှိရန် တောင်း ဆိုခဲ့သည်။ ၂ဝ၁၅ ခုနှစ် နှစ်ဆန်း ပိုင်းအတွင်း သက်ဆိုင်ရာမှတာ ဝန်ရှိသူများ၊ နယ်မြေညှိနှိုင်းရေးအဖွဲ့များဖြင့် နှစ်ဖက်ညှိနှိုင်းမှုများပြု လုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ပြေလည်မှု မရရှိသေးကြောင်း သိရ သည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ