အီရတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ IS ၅၂ ဦး သေဆုံး
အီရတ်တွင် သီးခြားတိုက်ပွဲ များဖြစ်ခြင်းနှင့် အမေရိကန်ဦးဆောင် သော ညွန့်ပေါင်းတပ်ဖွဲ့၏ လေ ကြောင်း တိုက်ခိုက်မှုတို့ကြောင့် IS စစ် သွေးကြွ စုစုပေါင်း ၅၂ ဦးသေဆုံး သည်ဟု လုံခြုံရေးသတင်းများကဆို သည်။
စစ်သွေးကြွများက သိမ်းပိုက် ထားသည့် အယ်လ်ဘက်ဒါဒီမြို့တွင် အီရတ် အနောက်ဘက်ပြည်နယ် အန် ဘာရှိစစ်သားများ၊ ရဲအရာရှိများ၊ ရှီ ယိုက်နှင့် ဆွန်နီပြည်သူ့စစ်ရာပေါင်း များစွာတို့က စစ်ဆင်ရေးပြုလုပ် သည်။
အယ်လ်ဘက်ဒါဒီသည် ဘဂ္ဂ ဒက်မှ အနောက်မြောက်ဘက် ကီလိုမီတာ ၂ဝဝ ခန့်အကွာတွင်ရှိသည်။
IS စစ်သွေးကြွများနှင့် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပြီးနောက် အဓိက ရဲစခန်းများ အပါအဝင် အယ်လ်ဘက် ဒါဒီမြို့၏ အစိတ်အပိုင်းများကိုအီ ရတ်တပ်များက ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်ဟု အမည်မဖော်လိုသော ပြည်နယ်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး က ဆင်ဟွာသို့ပြောပြသည်။
အဆိုပါ ပြင်းထန်သောတိုက် ပွဲတွင်စစ်သွေးကြွ ၂ဝ ကျော်သေ ဆုံးသည်ဟု ထိုအမည်မဖော်လိုသူ လုံခြုံရေး တ ဖွဲ့ဝင်တစ်ဦးကဆိုသည်။
အီရတ်လုံခြုံရေးတပ်ဖွဲ့များ၏ အထိ အခိုက်နှင့်ပတ်သက်၍မူ သူက အသေးစိတ်ဖော်ပြခြင်းမပြုချေ။
အယ်လ်ဘက်ဒါဒီနှင့် ဆက်စပ် လျက်ရှိသော အနီးအနားတစ်နေရာ မှ IS တို့၏တိုက်ခိုက်မှုကို လုံခြုံရေး တပ်ဖွဲ့များက တွန်းလှန်လိုက်ကြောင်း၊ ထိုတိုက်ပွဲမှာ ပြင်းထန်သော တိုက် ပွဲဖြစ်ကြောင်း၊ IS တိုက်ခိုက်
ရေးသမားလေးဦးထက်မနည်းသေဆုံး ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ကဆိုသည်။
Democracytoday

မှတ်ချက်များ