မြန်မာနှင့် ဆားဗီးယားနိုင်ငံတို့ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု
ကာကွယ် ရေးနှင့် လုံခြုံရေးမူဝါဒ၊ စစ်ဘက်စီး ပွားရေးသိပ္ပံနှင့် နည်းပညာ၊ စစ်ဘက် ဆိုင်ရာ ပညာရေးနှင့် သင်တန်းများ စသည့်အကျိုးစီးပွား ရလဒ်များ ပါဝင် သည့် မြန်မာ-ဆားဗီးယား ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား နှစ်နိုင်ငံလက် မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ် တော်က ဖေဖော်ဝါရီ ၂၅ရက်က အတည်ပြုလိုက်သည်။
မြန်မာ-ဆားဗီးယား ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ် ရေး ထိုးရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော်နာယကထံသို့ နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပေးပို့ထားသည့်အတွက် ၂၅ရက်ကကျင်းပသော ပြည်ထောင် စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် လွှတ်တော်အ ဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ ကာကွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ် ချုပ်ကျော်ညွန့်က ပြည်ထောင်စုသမ္မ တ မြန်မာနိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ဆားဗီးယားသမ္မတ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာ နတို့ကြား ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရာမှာ အခြေခံ သဘောတရားများ၊ လုပ်ထုံးလုပ်နည်း များ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်နိုင်ရန်နှင့် တန်းတူညီမှုရှိမှု၊ အပြန်အလှန် အကျိုးစီးပွားရှိမှု သဘော တရားများကို အခြေခံပြီး တော့ မြန်မာ-ဆားဗီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီးတော့ လက် မှတ်ရေး ထိုးရန် ပြည်ထောင်စုလွှတ် တော်သို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
''ဒီသဘောတူညီချက်ကို လက် မှတ်ရေးထိုးခြင်းအားဖြင့် ကာကွယ် ရေးနှင့် လုံခြုံရေးမူဝါဒများ၊ စစ်ဘက် စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ စစ် ဘက်ဆိုင်ရာ ပညာရေးသင်တန်းများ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာရပ်နှင့် တိရစ္ဆာန်ဆေး ကုသမှုသိပ္ပံ စသည့် နယ်ပယ်များနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်သလိုပဲ နှစ်နိုင်ငံအခွင့်ရ အာဏာပိုင်များက သဘောတူသည့် အပြန်အလှန် အကျိုးစီးပွားဖော် ဆောင်ရေးဆိုင်ရာ အခြားနယ်ပယ် များနဲ့လဲ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အကျိုးစီးပွားတွေကိုရရှိမှာပဲ ဖြစ်ပါ တယ်'' ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က လွှတ်တော်တွင် တင်ပြခဲ့သည်။
အဆိုပါ တင်ပြချက်နှင့်ပတ် သက်၍ ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဆွေးနွေး နိုင်ကြောင်း လွှတ်တော်နာယက က ပြောကြားခဲ့သော်လည်း ဆွေးနွေး မည့်လွှတ်တော်ကိုယ်စားလှယ် မရှိခဲ့ ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုလွှတ် တော်နာယကသူရဦးရွှေမန်းက ''လွှတ် တော်ကိုယ်စားလှယ်များက ဆွေးနွေး ရန်မရှိတဲ့အတွက် အထက်ပါသဘော တူညီချက်ကို သဘောတူညီခြင်းဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒ၊ စစ် ဘက်စီးပွားရေးသိပ္ပံနှင့် နည်းပညာ၊ စစ်ဘက်ဆိုင်ရာ ပညာရေးနှင့်သင် တန်းများ၊ စစ်ဘက်ဆိုင်ရာ ဆေးပညာ ရပ်နှင့် တိရစ္ဆာန်ဆေးကုသမှုသိပ္ပံ စသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင် ရွက်နိုင်သဖြင့် နှစ်နိုင်ငံရဲ့ အ ခွင့်ရအာဏာပိုင်များကို သဘောတူ သည့် အပြန်အလှန် အကျိုးစီးပွား အကောင်အထည် ဖော်ဆောင်ရေး ဆိုင်ရာ အခြားနယ်ပယ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး စတဲ့အကျိုး
ကျေး ဇူးတွေ ရနိုင်မှာဖြစ်တဲ့အတွက် လွှတ် တော်ရဲ့အဆုံးအဖြတ်ကို တစ်ပါတည်း ရယူဆောင် ရွက်သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
လွှတ်တော်က အတည်ပြုဆုံး ဖြတ်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကာကွယ်ရေးဝန် ကြီးဌာ နနှင့် ဆားဗီးယားသမ္မတနိုင် ငံတော် ကာကွယ်ရေးဝန်ကြီးဌာန တို့ကြား ကာကွယ်ရေးဆိုင်ရာသ ဘောတူ ညီမှု ပူးပေါင်းဆောင်ရွက် ချက်တွင် အပိုဒ် ငါးပိုဒ်ပါရှိကြောင်း သိရသည်။
အဆိုပါသဘောတူညီချက် လက်မှတ်ရေးထိုးရန်အတွက် နှစ်နိုင်ငံ သဘောတူညီမှု ရရှိထားပြီးဖြစ် သည့်အ
ပြင် ပြည်ထောင်စုအစိုးရအ ဖွဲ့ အစည်းအဝေး ၄/၂ဝ၁၅တွင် လည်း သဘောတူညီထားပြီးဖြစ်သည့် အ တွက် ယင်းသဘောတူညီချက် ကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ တို့ဖြင့် ပြုစုထားကာ နှစ်နိုင်ငံရေး အစိုးရများကိုယ်စား နှစ်နိုင်ငံကာ ကွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ် များက လက်မှတ်ရေးထိုးသွား မည် ဖြစ်သည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ