ဒုတိယရင်သွေးက ယောက်ျားလေးဖြစ်လို့ အရမ်းပျော်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
ဇနီးသည် အိန္ဒြာကျော် ဇင်လွယ်ထားရသော ဒုတိယရင် သွေးလေးမှာ သားယောက်ျား လေးဖြစ်ကြောင်း ပြေတီဦးက ပြောကြားသည်။
ဒုတိယရင်သွေးမှာ သား ယောက်ျားလေးဖြစ်သည်ဆိုသည် ကို သိလိုက်ရသဖြင့် မိသားစုဘ၀ ပိုမိုပြည့်စုံ သွားသည်ဟု ခံစားရ ကြောင်း ပြေတီဦးက ပြောသည်။
‘‘ဒီနေ့ (ဖေဖော်ဝါရီ ၂၆) ပဲ သိရတာပါ။ ယောက်ျားလေးဆို တာသိရတော့ အရမ်းပျော်ပါ တယ်။ အူဝဲလည်း အရမ်းပျော်နေ တယ်။ သမီးက ကျွန်တော့်ကို ကပ်တာဆိုတော့ သူ့ကို ကပ်မယ့်သား လိုချင်နေတာ’’ဟု ပြေတီဦးက ပြောသည်။
အိန္ဒြာကျော်ဇင်၏ ဒုတိယ ကိုယ်ဝန်မှာ ငါးလကျော်ရှိပြီဖြစ် ပြီး ဇွန်လကုန် (သို့မဟုတ်) ဇူလိုင် လဆန်းတွင် မွေးဖွားမည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။
‘‘သမီးက အရင်ကတည်းက မောင်လေးလို့ပြောနေတာ မှန် သွားတာပေါ့’’ဟု ပြေတီဦးက ပြောသည်။
ယခုနှစ်အတွင်း ကိုယ်ဝန် ဆောင်ထားသည့် အနုပညာရှင်များ၏ ရင်သွေးအများစုမှာ ယော က်ျား လေးများဖြစ်ပြီး သက်မွန်မြင့်နှင့် မယ်လိုဒီတို့၏ ရင်သွေးများမှာလည်း ယောက်ျားလေးများပင် ဖြစ်သည်။
searchmyanmar

မှတ်ချက်များ