ပိန္နသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ


သူ့ရဲ့ မယုံနိုင်စရာ အနာရောဂါပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိတွေကြောင့် ပိန္နသီးဟာ ကမ္ဘာမှာ လူသိ များတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ သူ့အသီးပုံစံက တမူထူးခြားနေပေမယ့် အနာရောဂါနဲ့ ပတ်သက်လာရင် ပိန္နသီးက အံ့မခန်းဖွယ် စွမ်းဆောင်နိုင်ပါတယ်။

ဒီအသီးကို ယိုးဒီးယားနိုင်ငံ၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖီလစ်ပိုင်၊ သီရိလင်္ကာနဲ့ ဂျမိုင်ကာနိုင်ငံတို့မှာ စိုက်ပျိုးထား ပါတယ်။ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတာကြောင့် တစ်ကမ္ဘာလုံး ပျံ့နှံ့သွားခဲ့တယ်။

ပိန္နသီးရဲ့အရသာက နာနတ်သီး၊ ငှက်ပျောသီးနဲ့ ပန်းသီးသုံးမျိုးရောစပ်ထားတဲ့ အရသာရှိပြီး ၄င်းရဲ့အလေး ချိန်က ၁၅-၄၀ ကီလိုဂရမ်အထိ ရှိပါတယ်။

အကျိုးဖြစ်စေတဲ့ ကျန်းမာရေးကျိုးကျေးဇူးတွေကတော့

· ခုခံအားစနစ် မြင့်တင်ပေးတယ်

· သွေးတိုးကျစေတယ်

· အရိုးသန်မာစေတယ်

· ကင်ဆာရောဂါ ကာကွယ်ပေးတယ်

· အစာခြေဖျက်အားကောင်းမွန်စေတယ်

· မျက်လုံးနဲ့ အရေပြားကျန်းမာစေတယ်

· ခွန်အားပြည့်ဝစေတယ်

· ပန်းနာကို ထိန်းချုပ်ပေးတယ် စတာတွေပဲ ဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ