ကမ္ဘာအေး ဂမုန်းပွင့်မီးလောင်မှု နိုင်ငံခြားသားများ အပါအ၀င် လူ ၃၀ ကို ခက်ခဲစွာကယ်ခဲ့ရ
ဖေဖော်ဝါရီ ၁၈ ရက် ည ၁ဝ နာရီခန့်က မရမ်းကုန်းမြို့နယ် အမှတ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်း အမှတ် (၃ဝဝ) ရှိ ဂမုန်းပွင့်ကုန်တိုက်၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရသည့်အကြောင်းမှာ ယင်းတိုက်လေးလွှာ (4-I) တွင် ငှားရမ်းနေထိုင်သူ နိုင်ငံခြားသား မိသားစုမှ တရုတ်နှစ်သစ်ကူး ဗျောက်အိုးဖောက်ရာတွင် အသံကျယ် စေရန်အတွက် PVC ရေဆင်းပိုက် အတွင်း ထည့်ဖောက်ရာမှ PVC ရေဆင်းပိုက်ပေါက်ကွဲပြီး ဂမုန်းပွင့်ရှိ အထည်ဆိုင်အတွင်း မီးကူးစက် လောင် ကျွမ်းခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦး ထံမှ သိရသည်။
အဆိုပါတိုက်မှာ အထပ် (၁၁) ထပ်ရှိပြီး ပထမထပ်နှင့် ဒုတိယ အထပ်တွင် ဂမုန်းပွင့်မှ အရောင်း ဆိုင်များ ဖွင့်ထားခြင်းဖြစ်သည်။ တတိယထပ်မှအစပြု၍ လူနေခန်း များဖြစ်သည်ဟုသိရပြီး အခန်းပေါင်း ၉ဝ ရှိသည်။
လောင်သည့်မီးမှာ မီးအားထက် လောင်စာများကြောင့် မီးခိုးများ များ ပြားစွာ ထွက်ရှိနေခဲ့သည်။ ထို့အတွက် တိုက်အထပ်များတွင် နေသူများအား မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များက ခက်ခဲစွာ ကယ်ဆယ် ခဲ့ရ သည်ဟု ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။ မီးလောင်နေစဉ် လေးလွှာရှိ ဓာတ်လှေကား အတွင်း နိုင်ငံခြားသား ဇနီးမောင်နှံနှစ်ဦး အခန်းတွင်း၌ ပိတ်မိနေသည်။ ရင်ခွင်ပိုက် ကလေးငယ်တစ် ဦးအပါအဝင် နိုင်ငံခြားသား မိသားစုဝင်သုံးဦး အခန်းအတွင်း ပိတ်မိနေသည်။
နိုင်ငံခြားသား ဇနီးမောင်နှံနှစ်ဦးနှင့် အခြားမိသားစုဝင် ၂၃ ဦး စုစုပေါင်း လူ ၃ဝ အား ကယ်ထုတ်ပေးခဲ့ရ သည်။ မီးခိုးများအကြားမှ ဝင်ရောက် ကယ်ဆယ်ခဲ့ရသည့်အတွက် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့ မီးခိုးများ မွှန်ကာ အသက်ရှူကျပ်လာခြင်း ကြောင့် သင်္ဃန်းကျွန်းဆေးရုံနှင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ဆေးကုသမှု ခံယူခဲ့ရသည်။
မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြား ရေးမှူး ဦးမြတ်သူ၊ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးသော်ဒါတို့၏ ကြီးကြပ်မှု၊ မြို့နယ်မှ မီးသတ်ရေယာဉ် ၄၆ စီး တို့မှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂ ၉ဝ ကျော်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ ကျော် တို့၏ ကြိုးပမ်းမှုကြောင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ဝဝ နာရီ ၂၅ မိနစ် တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင် မှုကြောင့် နိုင်ငံခြားသား မစ္စတာ ဝမ်ဇိုင်းဟူ (၃၃ နှစ်)နှင့် မစ္စတာ ဝမ်ဖယောင်း အသက် (၄ဝ နှစ်) တို့အား မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။
ကိုကြီးတင် | Myanmaalinn


မှတ်ချက်များ