သမီးနဲ့အတူ လိင်ဆက်ဆံဖို့ ကိုယ့်ချစ်သူဆီက ပိုက်ဆံယူပြီး သမီးဖြစ်သူ အပျိုစင်ဘ၀ကို ရောင်းစားခဲ့တဲ့ အမေ


ဝါရှင်တန်မှာ ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုပါ။ Oklahoma က အသက် ၃၈နှစ်ရှိပြီဖြစ်တဲ့ Bryan Murphy ဟာ သူ့ရဲ့ရည်းစားကို သူမရဲ့သမီးတစ်ယောက်နဲ့ ပေးအိပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အဲ့ဒီအတွက် ဒေါ်လာ ၄၀၀ပေးမယ်လို့လည်း ဆိုလိုက်ပါတယ်တဲ့။

တာဝန်ရှိသူတွေရဲ့ မေးမြန်းချက်ကို မိခင်ဖြစ်သူ Mary Miles က ၀န်ခံဖြေကြားထားတာကတော့ "သူက သူ့သမီးတွေထဲက ၁၄နှစ်သမီးလေးနဲ့ လိင်ဆက်ဆံချင်တယ်လို့ ကျွန်မကို မတ်ဆေ့ခ်ျ ပို့လာခဲ့တာပါ။ အသက် ၁၄နှစ်ပဲရှိသေးတော့ သူက အပျိုစစ်စစ်လေးနဲ့ အတူနေချင်တာလို့လည်း ပြောပါတယ်"လို့ ဆို ထားပါတယ်။

အဲ့ဒါနဲ့ပဲ မိခင်ဖြစ်သူ Miles က ဒါကို သဘောတူခဲ့ပြီး သူမရဲ့သမီးကို အဲ့ဒီလူရဲ့ ကုန်တင်ကားထဲ ခေါ်တင်
ပေးလိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သူမရဲ့ရှေ့မှာပဲ ဒီကိစ္စကို ပြီးအောင်လုပ်ရမယ်လို့လည်း Miles က ဆိုလိုက်ပါတယ်။ သဘောတူညီမှုရပြီး ဘာမှမလုပ်ရသေးခင်လေးမှာပဲ သမီးဖြစ်သူက အတင်းတွန်း ကန်ကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ထွက်ပြေးသွားတဲ့ ကလေးမလေးနဲ့ အတူ သူမရဲ့အစ်မဟာ ရဲကိုတိုင်ကြားလိုက်ပြီး စစ်ဆေးမှုတွေ စတင်ခဲ့တာပါ။ ခုချိန်မှာတော့ ကလေးမ
လေးတွေကို သူမ မိခင်နဲ့ ဝေးရာကို ခေါ်ဆောင်သွားပြီး စောင့်ရှောက်ရေးစခန်းတစ်ခုမှာ အန္တရာယ်ကင်းစွာ ထားရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။

မေသော် | Trend Myanmar

မှတ်ချက်များ