သင့်ကို လူချစ်လူခင်များအောင် စွမ်းဆောင်ပေးနိုင်မယ့် အချက် (၅) ချက်


ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ အဆင်ပြေစေဖို့၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပိုမိုကောင်းမွန်လာစေဖို့ သိထားရမယ့် အချက်ကလေးတွေ ရှိပါတယ်။ ဒီအချက်ကလေးတွေက သင့်ကို လူချစ်လူခင် များစေမယ့် အချက်တွေဖြစ်တဲ့အပြင် ပြုမူဖို့လည်း လွယ်ကူတာမို့ တစ်ချက်ကြည့်လိုက်ပါဦး။

၁။တစ်ပါးသူကို မဝေဖန်မိပါစေနဲ့။

လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို အကျင့်တွေလည်း အများကြီးရှိပါတယ်။ သင့်မှာ သူတစ်ပါး ကို ဝေဖန်တတ်တဲ့အကျင့်ရှိရင် ဖျောက်နိုင်အောင် ကြိုးစားပါ။ ဘယ်သူကမှတော့ ကိုယ့်ကိုဝေဖန်ပြော ဆိုတတ်တဲ့သူနဲ့ ပေါင်းချင်မှာလဲနော်။ ဒီအချက်ကို သတိထားပါ။

၂။ကိုယ်နဲ့ရှိနေတဲ့သူ ပြောစကားကို နားထောင်ပေးပါ။

ကိုယ်နဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် ခုမှစခင်တဲ့ အသိမိတ်ဆွေတစ်ယောက်နဲ့ စကားပြောတဲ့အခါ သူပြောတဲ့စကားတွေကို နားထောင်ပေးပါ။ ကိုယ်ကချည်း စွတ်ပြောမနေမိပါစေနဲ့။ သူပြောတဲ့ အကြောင်း အရာကို လိုက်ပြီးတော့မှသာ သင်သိထားတာတွေ ပြန်လည်ပြောဆိုပါ။

၃။အရာအားလုံးကို တတ်နိုင်သလောက် မှတ်မှတ်ရရရှိပါစေ။

ကိုယ့်မွေးနေ့၊ ဒါမှမဟုတ် ကိုယ့်ရဲ့အထူးတလည် နေ့ထူးနေ့မြတ်တွေကို သူငယ်ချင်းတွေက သတိတရရှိ တဲ့အခါ သင်ဘယ်လိုခံစားရပါသလဲ။ ဒီလိုပဲ သူတို့ရဲ့အမှတ်တရနေ့လေးတွေ၊ သူနဲ့ကိုယ်စခင် တဲ့ နေ့လေးတွေ စတာတွေကို မှတ်ထားပြီး အဲ့ဒီလိုနေ့မျိုးလေးတွေမှာ သူတို့ကို ဆုတောင်းစကားပြောပေး တာ၊ ကိုယ့်ဘက်က အမှတ်တရရှိကြောင်း ပြောပေးတာတွေ လုပ်ပါ။

၎။ရယ်မောတတ်ပါစေ။


ဘယ်သူမဆို အမြဲတမ်းရယ်မောတတ်တဲ့သူ၊ ပြုံးရွှင်နေသူကိုတော့ အခြားသူတွေထက် ပိုခင်မှာပါပဲ။ ဒီ့ထက်ပိုပြီး သင်ဟာ ရယ်ရွှင်စရာဟာသတွေ ပြောတတ်တဲ့သူဆိုရင်တော့ သူတို့တွေ သင့်ကိုဘ ယ်လက်လွှတ်တော့မလဲ။

၅။ဧည့်ဝတ်ကျေပွန်တဲ့သူ ဖြစ်ပါစေ။


ဧည့်သည်တစ်ယောက် ကိုယ့်ရုံးခန်းကို လာတဲ့အခါ၊ အသိတစ်ယောက် ကိုယ့်အိမ်ကိုလာတဲ့အခါ၊ လုပ်ဖော် ကိုင်ဖက်တွေ ကိုယ့်အိမ်ကိုလာတဲ့အခါ ကိုယ့်ဘက်က ဧည့်ဝတ်ကျေအောင် ဧည့်ခံပါ။ ဖြစ်သလို မဆက် ဆံပါနဲ့။

Trend Myanmar

မှတ်ချက်များ