တရုတ်နှင့် ဆက်ဆံရေးတင်းမာနေ၍ ဂျပန်က မြန်မာလုပ်သား နှစ်ဆကျော်ခေါ်ယူ
ဂျပန်နိုင်ငံသည် တရုတ် နှင့်ဆက်ဆံရေး တင်းမာခဲ့ပြီး နောက် တရုတ်လုပ်သားအင်အား လျှော့ချခဲ့ပြီး မြန် မာလုပ်သားခေါ် ယူမှုမှာ ယခင်နှစ်ကထက် နှစ်ဆကျော် တိုးမြင့်လာသည်ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အ ကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF)မှ ဘဏ္ဍာရေးတာဝန်ခံ ဦးပီတာညွန့်မောင်က ပြော သည်။
ယခင်က လစဉ်လုပ်သား ၂၀ ဦးခန့် စေလွှတ်နေရာမှ ယခု နောက်ပိုင်းတွင် ၅၀ ကျော်အထိ စေလွှတ်ရမှုများ ရှိနေသည်ဟု ဂျပန်နိုင်ငံသို့ သီးသန့်လုပ်သား စေလွှတ်သည့် အေဂျင်စီများထံမှ သိရသည်။
‘‘ခေါ်ယူတာက သိသိသာသာကို တက်လာတာပါ။ ထပ်ပြီးတော့လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေ အတွက် တိုးမြှင့်ခေါ်ယူမယ့် အခြေအနေရှိတယ်’’ ဟု ဦးပီတာညွန့်မောင်က ပြောသည်။
ဂျပန်နိုင်ငံသည် လာမည့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပရမည်ဖြစ် ယင်းပွဲကျင်း ပနိုင်ရေး အားကစားကွင်းနှင့် အဆောက်အအုံများ အ ချိန်မီ တည်ဆောက်ပြီးစီးနိုင်ရန် ဆောက်လုပ်ရေး လုပ်သားအင်အား လိုအပ်ချက်မြင့်နေကြောင်း သတင်းရရှိသည်။
ယခင်က ဂျပန်နိုင်ငံ၏ နိုင်ငံခြားသားလုပ်သားဈေးကွက်တွင် တရုတ်နိုင်ငံမှ ၈၀ ရာခိုင်နှုန်းခန့် နေရာရယူ ထားပြီး ယခုအခါ ယင်းနိုင်ငံသားများ လျှော့ချလိုက်၍ အရှေ့တောင်အာရှရှိ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အ တွက် အခွင့်အရေးပိုရရှိစေခဲ့သည်ဟု ဆိုသည်။
‘‘ဗီယက်နမ်တောင် မြန်မာထက် ပိုခေါ်ယူခံရတယ်။ ဟိုဘက်က တစ်နှစ်ကို ဘယ်နိုင်ငံက လုပ်သား ဘယ်လောက်ခေါ်မယ်ဆိုတဲ့ သတ်မှတ်ချက်မရှိတာကြောင့် အေးဂျင့်တွေ ဈေးကွက် ဖောက်နိုင်ရင် ဖောက်
နိုင် သလောက် ခေါ်ယူမှု ပိုများလာနိုင်တဲ့ အခြေအနေ ရှိနေတယ်’’ဟု ဦးပီတာညွန့်မောင်က ပြောသည်။
‘‘ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအရလည်း တရုတ်လုပ်သားတွေကို သူတို့ (ဂျပန်) ဆက်မခေါ် လိုကြ တာကြောင့်ကျွန်တော်တို့အရှေ့တောင် အာရှဘက်က လုပ်သားတွေ ပိုအလေးထား ခေါ်လာတယ်လို့ သိရတယ်။ ခေါ်ယူမှုအရေအတွက် ထပ်ရအောင် အေးဂျင့်တွေကလည်း သူ့နည်းသူ့ဟန်နဲ့ ချိတ်ဆက်နေကြပါတယ်’’ဟု သုခမြန်မာပြည်ပအ လုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တာဝန်ခံ ဦးကျော်မင်းဆွေက ဆိုသည်။
မြန်မာရွှေ့ပြောင်းလုပ်သား များအနေဖြင့် ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်ရန် စိတ်ဝင်စားပြီး ကိုရီးယားနိုင်ငံမှာ အစိုးရအေဂျင်စီဖြင့်သာ တရားဝင်ချိတ်ဆက်ထားကာ ဂျပန်နိုင်ငံက လုပ်သားခေါ်ယူမှု အရေအတွက် နည်းသောကြောင့် သွားရောက် လုပ်ကိုင်လိုသူများ အခက်အခဲများ ရှိနေခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် လုပ်သား ခေါ်ယူရာတွင် ဘာသာစကားနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုကို ဦးစားပေးသည့်အတွက် လုပ်သား ရွေးချယ်စေလွှတ်ရသည့် အခက်အခဲအချို့ ရှိကြောင်း အေဂျင်စီအချို့မှ သိရသည်။
မိုးမင်း | 7day

မှတ်ချက်များ