တစ်နာရီမိုင် ၁၀၀ အထိ ပြေးမယ့် လျှပ်စစ် စက်ဘီး






တစ်နာရီ မိုင် ၁၀၀ အထိ ပြေးနိုင်တဲ့ လှပ်စစ်စက်ဘီး ကို အမေရိကန်မှ တီထွင်သူ တစ်ဦးက တီထွင်လိုက် ပါတယ်။ သူ့မှာ ပါဝင်တဲ့ လျှပ်စစ်မော်တာရဲ့ အားကြောင့်မို့ အမြန်ဆုံးမောင်းမယ်ဆိုရင် တစ်နာရီ မိုင် ၁၀၀ လောက်အထိလည်း ပြေးပါတယ်။


တစ်ယောက်စီး ဖြစ်ပြီး အမိုးအကာများ ပါဝင်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင် သုံးဘီးကား လို့ထင်ရ ပါတယ်။ အမှန်တော့ အထဲမှာ စက်ဘီးလိုပဲ ခြေနင်းတံ ပါဝင်ပြီး နင်းရမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် တစ် နာရီ မိုင် ၃၀ လောက်ပဲ မောင်းနှင်ဖို့အတွက်တော့ အကြံပြုထား ပါတယ်။ သူဟာ လျှပ်စစ်ဘက်ထရီ ပါ ဝင်ပြီး ယင်းအားကုန်ရင်တော့ သာမန် ဂီယာ စက်ဘီလို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

စက်ဘီဆိုပေမယ့် ကားလိုလို ဆိုင်ကယ်လိုလို အသွင်အပြင် ရှိပါတယ်။ ဘေးမှန်၊ နောက်ကြည့်မယ် တို့ လည်း ပါဝင်ပြီး မှန်များနဲ့လည်း ကာထား ပါတယ်။ အသေးစိတ်ကိုhttp://www.dailymail.co.uk/…/The-bike-let-pedal-fast-CAR-Ne… မှာ လေ့လာ နိုင်ပါတယ်။

innewsmyanmar

မှတ်ချက်များ