ကလေးများအတွက် သတိထားရမည့်အန္တရာယ်
မိမိတို့၏ကလေးများနှင့် ကုန်တိုက်၊ ရှော့ပ်ပင်မော၊ ရုပ်ရှင်ရုံ စသည့် စက်လှေကားရှိသည့်နေရာများကို အတူသွားလာသည့်အချိန် ကလေးများကို လွတ်မထားပဲ သတိဖြင့် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။
ပုံထဲမှာ မြင်ရတဲ့ အတိုင်း ကလေးတစ်ယောက်ဟာ စက်လှေကားစီးနေစဉ် လည်ပတ်နေသော စက်လှေ ကားများ၏လုပ်ရှားမှုများကို စိတ်ဝင်သွားပြီး စူးစမ်းသည့်အနေဖြင့် သူ၏ခြေထောက်ကို ထိုးကြည့်လိုက် သည့်အခါ ဖိနပ်နှင့် စက်လှေကားညှပ်မိပြီး တရွတ်တိုက်ပါသွားပါတယ်။ လုံခြုံရေးများ၏ အကူအညီဖြင့် ကံကောင်းထောက်မစွာ ခြေထောက်မကျိုး၊ အသက်မဆုံးရှုံးလိုက်ရတာပါ။
ထို့ကြောင့် မိဘများအနေဖြင့် ကလေးများကို စက်လှေကားစီးသည့်အခါ အထူးသတိထားကြည့်ပေးဖို့ လို အပ်ပါတယ်။
(လူအများသိရှိပြီး အန္တရာယ်မှ ကင်းဝေးစေဖို့ ပြန်လည် မျှဝေပေးနိုင်ကြပါတယ်)
စောနွဲ့ နေဆိုင် (ပူတာအို)
Ref : The Danger of Escalator

မှတ်ချက်များ