လောက်ကိုင်မြို့ပေါ်ထိ တိုက်ပွဲများဖြစ်ပွား၊ ရဲခြောက်ဦးသေဆုံး ဆိုသည့် သတင်းများ ထွက်ပေါ်


၁၁.၂.၂၀၁၅လောက်ကိုင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်
မြို့ပေါ်တွင် ယမန်နေ့(၁၀.၂.၂၀၁၅)ည ဆယ့်တစ်နာရီခန့်က လောက်ကိုင် ထွေအုပ်ရုံးပေါ်ထိ လက်နက် ကိုင်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲခြောက်ဦး သေဆုံး ခဲ့ရကြောင်း လောက်ကိုင်ဒေသခံများ ထံ သို့ ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

ညဆယ့်တစ်နာရီခန့်ကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး မနက်လေးနာရီခွဲအချိန်မှ ပစ်ခတ်သံများရပ်စဲ သွားကြောင်း၊ယမန်နေ့ည တိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံးတွင်စောင့်ကြပ်နေသော ရဲခြောက်ဦးသေဆုံး ခဲ့သည်ဟု ကြားသိရကြောင်း လောက်ကိုင်ဒေသခံဦးအိုက်စွန်းက ပြောသည်။လောက်ကိုင်ရုံးပေါင်းစုံဝင်း အတွင်း ယမန်နေ့ညက ပစ်ခတ်သံများကြားနေရပြီးအစောင့်ရဲများသေဆုံးသည်ဟု သိရကြောင်း၊မိမိတို့ လည်း ယနေ့မနက်ခုနှစ်နာရီက လောက်ကိုင်မှ လားရှိုးသို့ ကားဖြင့် ဆင်းလာခဲ့ရသည်ဟု အစိုးရဝန်ထမ်း  တစ်ဦးက ယနေ့မွန်းလွဲနှစ်နာရီခွဲအချိန်တွင်ပြောသည်။

“ကျွန်တော်တို့လောက်ကိုင်က ထွက်လာတော့ ခြေမြန်တပ်ရင်း၃၃က စစ်ကားတွေအစီးသုံးဆယ်လောက်
မြို့ထဲရောက်နေပါပြီ။မနက်ဆယ်နာရီလောက်မှာ လားရှိုးဘက်ဆင်းတဲ့ဆင်းရွှေဟော်ဂိတ်ကိုမြန်မာအစိုးရ ဘက်က ပိတ်လိုက်ပြီ၊်”ဟု ၎င်းကပြောသည်။

လောက်ကိုင်မှ လားရှိုးထိ ယခင်ကားခတစ်သောင်းခွဲသာရှိသော်လည်း ယခုတစ်သိန်းထိဈေးမြှင့်တက် သွားသောကြောင့်ကြံခုတ်အလုပ်သမားများ၊ကျပန်းလုပ်သားများမှာ လောက်ကိုင်မြို့ထဲတွင်သာခိုအောင်းနေ သည်ဟု လောက်ကိုင်မြို့ခံဦးအိုက်ဇောကပြောသည်။

“အရပ်သားတွေသေဆုံးတယ်ဆိုတဲ့သတင်းတော့မကြားဘူး။ဒဏ်ရာရစစ်သားတွေတော့ ဟတ်စကီးနဲ့ လား ရှိုးဆေးရုံကြိးကိုသွားပို့နေတာတော့မြင်ရတယ်၊အရပ်သားတွေတခြားဒေသကိုထွက်ခွာတာကိုတော့ တား ဆီးတာမျိုးမရှိပါဘူး”ဟု ၎င်းကဆိုသည်။

လောက်ကိုင်ထွေအုပ်ရုံးနှင့်ရဲစခန်းသို့ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

စိုးကြီး | The Union Daily

မှတ်ချက်များ