ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် .. ဒီလိုလေးစကြည့်ပါ


ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် သင်ဝတ်ဆင်ထားတဲ့ အ၀တ်အစားပုံစံကို ဂရုစိုက်ကြည့် လိုက်ပါ။ သင် ကျောင်းဝတ်စုံဝတ်ထားရင်ကျောင်းစာကို ကောင်းကောင်းသင်လိုက်ပါ။ ကျောင်းသားတစ်
ယောက်အတွက် တာဝန်ကျေလိုက်စမ်းပါ။

သင်ရဲ့ လုပ်ငန်းခွင်ဝတ်စုံကို ၀တ်ဆင်ထားပြီဆိုရင် ထိုလုပ်ငန်းခွင်အတွက် သင်အကောင်းဆုံးလိုက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်လို့ သဘောထားပြီး လုပ်ပစ်လိုက်ပါ။ သင် အားကစားဝတ်စုံကို ၀တ်ထားရင် ကျန်းမာရေးအတွက် အားကစားထလုပ်လိုက်ပါ။

ခရီးသွားဖို့  အ၀တ်အစားအသစ် သင်ဝတ်ထားမယ်ဆိုရင် ထသွားလိုက်ပါ။ ကျန်တာတွေ တွေးမနေပါ နဲ့ တော့။ ဒါဟာ သင့်အတွက် ဘယ်တော့မှအချိန်ကိုအကျိုးမယုတ်စေနိုင်ပါဘူး။စိတ်ကိုအပြောင်းအလဲ ဖြစ်
စေနိုင်တဲ့ အလုပ်မျိုးလည်းဖြစ်ပါတယ်။

ပါတီတက်ဖို့  အ၀တ်အစားဝတ်ထားရင် ကစရာရှိကလိုက်ပါ၊ ဆိုစရာရှိဆိုလိုက်ပါ။ ဒီလိုပဲ သင့်ဘ၀အတွက်
အလုပ် လုပ်ဖို့ အ၀တ်အစားဝတ်ထားမယ်ဆိုရင်တော့ အဲ့ဒီအလုပ်ကို တာဝန်ကျေပွန်အောင် အကောင်းဆုံး လုပ်ဖို့  ဆုံးဖြတ်ချက်ချလိုက်တာဟာ သင်အမှန်ဆုံးပါပဲ။ ဒီလိုနည်းနဲ့  သင်ဘာစလုပ်ရမယ်ဆိုတာ သိလာပါ လိမ့်မယ်။ တကယ်တော့ သင်ကိုယ်တိုင် အလုပ်တစ်ခုကိုစလုပ်ဖို့  အ၀တ်အစားကိုရွေးချယ်ဝတ်ဆင်နေ
ခြင်းဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။

True Man

မှတ်ချက်များ