သန့်သန့်ရှင်းရှင်း နေထိုင်ရေးဆိုတာ လူသားဘဝတွေမှာ အရေးကြီးတဲ့ အစိပ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းတွေ၊ ဂျင်းပန်တွေသာမက မိသားစုက မွေးထားတဲ့ ခွေးလေးတွေအထိ တကိုယ်ရေး သန့်ရှင်း မှု လိုအပ်ကြပါတယ်။ နေ့စဉ်ဒီလိုထိတွေ့နေတဲ့ အရာတွေထဲက ဘယ်အရာတွေကို နေ့စဉ် သန့်ရှင်းရေး အ ဓိကထားပြီး လုပ်ရမလဲဆိုတာ နယ်ပယ်အသီးသီးက ပညာရှင်တွေက အခုလို အကြံပေးထားပါတယ်။
လက်ကိုင်ဖုန်း
သုတေသနပြုချက်တွေအရ ဒီနေ့ခတ်မှာ လူတစ်ဦးဟာ သူ့ရဲ့ဖုန်းကို တရက်ပျှမ်းမျှ အကြိမ် ၁၅၀ လောက် ထိတွေ့ကိုင်တွယ်လေ့ရှိပါတယ်။ ဖုန်းအမျိုးအစားပေါင်း ၅၁ မျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေ စစ်ဆေးပြီး တဲ့နောက် ဘက်တီးရီးယားပိုးမွှား ၇၀၀၀ လောက်တွယ်ကပ်နေကြတယ်လို့ ဆိုပါတယ်။ အများဆုံးကတော့ လက်ကိုင်ဖုန်းတွေဖြစ်ပါတယ်။
‘‘ လက်ကိုင်ဖုန်းက နွေးလာတဲ့အခါ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် အသင့်တော်ဆုံး နေရာဖြစ် သွားတော့တာပါပဲ’’ လို့ အရှေ့ပိုင်းအိန်ဂျလီယာ တက္ကသိုလ်က laura Bowater ကရှင်းပြပါတယ်။ ဖုန်းတွေ ရဲ့ ခလုပ်နေရာတွေကတော့ အဆိုးဆုံးပါပဲ။ ခလုပ်တွေကြားထဲကို ဘက်တီးရီးယားသန့်စင်ဆေးနဲ့ နေ့တိုင်း တိုက်ပေးဖို့လိုတယ်။ မကြာခဏလုပ်ရင် ပိုကောင်းပါတယ်လို့ အကြံပြုထားပါတယ်။
ဘရာစီယာ
အမျိုးသမီးအတွင်းခံ အဝတ်အစားတွေထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ကျွမ်းကျင်သူ Dunmore ကတော့ ဘရာစီ ယာတွေကို ခဏခဏလျှော်ရမယ့်ကိစ္စဟာ နဲနဲလေးမှ အလျှော့ပေးလို့မရဘူးလို့ ပြောပါတယ်။ ‘‘ မင်းရဲ့ ခန္ဓာ ကိုယ်အထက်ပိုင်း ချောင်တွေထဲမှာ အထူးသဖြင့် လက်မောင်းအောက်က ဂျိုင်းကြားလို နေရာမျိုးဟာ ပူနွေးစို စွတ်တဲ့ နေရာပါပဲ။ နှစ်ခါဝတ်ပြီးတာနဲ့ လျှော်လိုက်သင့်တယ်။ သုံးခါလောက်အထိဝတ်လို့လည်း ရနိုင်ပါ တယ်။ အဲဒါက စံနှုန်းသတ်မှတ်ချက်ပဲ’’ လို့ Kelly Dunmore ကအကြံပေးထားပါတယ်။
အဝတ်လျှော်စက်နဲ့ လျှော်တာကို ရှောင်သင့်ပြီး လက်နဲ့တိုက်ရိုက် ဖွပ်လျှော်တဲ့နည်းဟာ အကောင်းဆုံးပါပဲ။ ပြီးရင်တော့ အခန်းထဲက အပူချိန်နဲ့ အခြောက်ခံထားလိုက်လို့ရပါတယ်။ ပိုပြီးပြည့်စုံစေချင်တယ် ဆိုရင်တော့ ရေကြက်သီးနွေး အနေအထားမှာ ဘရာစီယာကို ၁၀ မိနစ်လောက် စိမ်ထားလိုက်လို့ အဆင်ပြေပါတယ်။ ဒါဆိုရင်တော့ အရင်ထက်ပိုပြီး ဘက်တီးရီးယားကင်းစင်သွားပါလိမ့်မယ်။
ခေါင်းအုံးများ
သင်အိပ်နေတဲ့ ခေါင်းအုံးအတွင်းပိုင်းဟာ ဘက်တီးရီးယားတွေနဲ့ ပိုးကောင်းငယ်လေးတွေအတွက် အလွန်နေလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်နေတာ သင်သိပါသလား။ မလျှော်ပဲ ကြာကြာထားတဲ့ ခေါင်းအုံး တစ်လုံးဟာ ကပ်နေတဲ့ ကြမ်းပိုး၊ ပိုးမွှား၊ ဘက်တီးရီးယားတွေနဲ့ သူတို့ရဲ့ မစင်တွေကြောင့် ပိုလေးလံလာ တက်ပါတယ်။ မလျှော်ပဲထားတဲ့ ခေါင်းအုံးတစ်လုံးမှာ ပိုးမွှားမျိုးစိတ်ပေါင် ၁၆ မျိုးလောက် အကြမ်းဖျဉ်းတွေ့ရ တက်ပါတယ်။
ဒါကြောင့် ခေါင်းအုံးတွေကိုတော့ သုံးလတစ်ကြိမ်လောက် လျှော်ပစ်သင့်ပါတယ်။ ခေါင်းအုံးလျှော်မယ် ဆိုရင်တော့ ကြေးချွတ်ဆပ်ပြာကို မဖြစ်နေသုံးရမှာပါ။
ဒါတွေဟာ နေ့စဉ်လူ့အသုံးအဆောင် ပစ္စည်းတွေထဲက မဖြစ်မနေသုံးစွဲနေကြရတဲ့ ပစ္စည်းတွေပဲ ရှိပါသေး တယ်။ ပုံမှန်သန့်ရှင်ရေး ပြုလုပ်ပေးရမယ့် အခြားအရာတွေ ရှိနေပါတယ်။ အိမ်မွေးခွေး၊ အိပ်ယာနဲ့ လက် ကိုင်ပိုက်ဆံအိတ်တွေဟာလည်း အမြဲတမ်း သန့်ရှင်းရေး လုပ်နေရမယ့် အရာတွေဖြစ်ပါတယ်။
SearchMyanmar

မှတ်ချက်များ