iPad ရှာရာမှ သေနတ်တွေ့ပြီး မိဘကို သုံးနှစ်သားက သေနတ်နှင့်ပစ်
ပြီးခဲ့သည့် တနင်္ဂနွေနေ့က သုံးနှစ် သားကလေးငယ် တစ်ဦးသည် မိခင်ဖြစ်သူ ၏ ပိုက်ဆံအိတ်ကို ဖွင့်ကာ iPad ရှာဖွေရာ မှ သေနတ်ကို တွေ့ရှိခဲ့ပြီး ဖခင်ဖြစ်သူနှင့် ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူတို့အား ပစ် ခတ်မိမှု တစ်ခု နယူးမက္ကဆီ ကိုတွင် ဖြစ်ပွား ခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ နယူးမက္ကဆီကို ပြည်နယ်ရှိ မိုတယ် တစ်ခုတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ယင်းသေနတ် ဒဏ်ရာကြောင့် မိဘနှစ်ပါး စလုံး၏ အသက်အန္တရာယ် မှာမူ စိုးရိမ် ဖွယ် အခြေအနေ မရှိကြောင်း ထို ဒေသရှိ ရဲဌာနမှ အရာရှိဖြစ်သူက ပြောပြ သည်။
သေနတ် ထိမှန်မှုကြောင့် ဖခင်ဖြစ်သူ မှာ တင်ပါးတွင် ဒဏ်ရာ ရရှိခဲ့ကာ မိခင် ဖြစ်သူမှာ ပခုံးတွင် ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ကိုယ်ဝန် ၈ လ လွယ်ထား ရသည့် အဆိုပါ မိခင်၏ အခြေ အနေအား ဆေးရုံတွင် ဆက်လက်စောင့် ကြည့်နေပြီး ဖခင်ဖြစ်သူမှာမူ သက်သာ သွားခဲ့ပြီ ဖြစ်သည်။
”ဒီလိုဖြစ်ရတာ ကလေးဘက်က ကြည့်မယ် ဆိုရင် ကြောက်လန့် တုန်လှုပ် စရာ မတော်တဆမှု တစ်ခုလို့ ဆိုနိုင်သလို မိဘတွေဘက် ကလည်း အပြစ် မကင်းဘူး လို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆို သူတို့ အနေ နဲ့ သေနတ်လို အရာမျိုးကို လုံလုံခြုံခြုံ ထားရှိသင့်တာပေါ့”ဟု အထက်ပါ ရဲအရာ ရှိက ဆိုသည်။
ယင်းဖြစ်စဉ် အတွက် ကလေးဖြစ်သူ မှာ တစ်စုံတစ်ရာ ပြစ်မှုနှင့် အရေးယူခံရ မည် မဟုတ်ဘဲ မိဘများက သာ ပေါ့ဆမှုအတွက် ကြီးလေးသော ပြစ်ဒဏ်ကို ခံစား ရ နိုင်သည်ဟု ရဲအရာရှိ က ဆက်လက် ပြောကြား သွားခဲ့သည်။
Popular Myanmar

မှတ်ချက်များ