ဝိုင်းစုခိုင်သိန်းနဲ့ အမျိုးသားအဆိုတော် ၁၅ယောက်တို့ ပါဝင်တဲ့ ခါချနေရတယ် တေးအယ်ဘမ် မိတ်ဆက်ပွဲ


စုံတွဲသီချင်းသီးသန့် နားထောင်ချင်သူတွေအတွက် မင်းသား အဆိုတော် ၁၅ ယောက်နဲ့ ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်း မြင်တွေ့ရဦးမယ့် တေးသံရှင် ၀ိုင်းစုခိုင်သိန်းရဲ့ ခါချနေရတယ် တေးအယ်ဘမ် မိတ် ဆက်ပွဲ အခမ်းအနားကို ( ၆.၂.၁၅ ) ရက် နေ့လည် ၁ နာရီတုန်းက Sky Star Hotel မှာ စည်ကားသိုက်
မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခွေမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ နေ၀င်း၊ ဖြိုးလေး၊ ဆိုတေး၊ ရဲရင့်အောင်၊ လွှမ်းပိုင်၊ ဇော်ပိုင်၊ ဖိုး ကာ၊ နိုင်းဝမ်း၊ Rဇာနည်၊ သားသား၊ ဟဲလေး၊ ဟန်ထွန်း၊ ဘန်နီဖြိုး၊ Ar-Tတို့ က ပါဝင်အားဖြည့် သီဆိုပေး ထားပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ အခွေတစ်ခွေ အဖြစ် နာမည်တွင်ဦး မှာ အမှန်ပါပဲ။ ပရိုမိုးရှင်း ကိုတော့ ( ၁၂.၂.၁၅) ပြည်ထောင်စုနေ့၊ နေ့လည် ၃ နာရီကနေ ၆ နာရီထိ ကရ ၀ိတ်ဥယျဉ်ကမ္ဘာမှာ အနုပညာရှင် တွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ လက်မှတ်ထိုး ရောင်းချမှာဖြစ်ပါ တယ်။

ခင်ဆွေသက် | Trend Myanmar

မှတ်ချက်များ