ISIS စစ်သွေးကြွအဖွဲ့ကို သစ္စာခံရန် ငြင်းဆိုခဲ့သည့် အီရတ်အမျိုးသား ၁၆ ဦးကို မီးရှို့သတ်ဖြတ်
အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူလ်မြို့တွင် ISIS စစ်သွေးကြွ များက ၄င်းအဖွဲ့ကို သစ္စာခံရန် ငြင်းဆိုခဲ့သည့် အမျိုးသား ၁၆ ဦးကို မီးရှို့သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့၏ ခေါင်းဆောင်ဖြစ်သူ အီဘရာဟင် အယ်လ်ဆာမာရိုင်း အေကာ အက်ဘူအယ်လ် ဘက်ဂါဒီ ထံ သစ္စာခံရန် ငြင်းဆိုခဲ့သည့် အမျိုးသားများကို မီးရှို့ကွပ်မျက် ခဲ့ကြောင်း ဒေသ ဆိုင်ရာ အာဏာပိုင် အဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သူ မိုဂါဝက် ဟာမစ်အယ်လ် အယ်ကဝီ က ပြောကြားခဲ့
ကြောင်း အာရပ်ဘာသာ စကားဖြင့် ထုတ်လွှင့်သည့် ကာဘာလာ သတင်း အေဂျင်စီ က ဖော်ပြခဲ့သည်။
ထို့ပြင် မိုဆူလ်မြို့ကို ISIS စစ်သွေးကြွ များက သိမ်းပိုက်ထား သဖြင့် ဒေသခံများသည် ၄င်းတို့၏ နှိပ်စက် ညှဉ်းပန်းမှု ဒဏ်ကို ခံနေရပြီး မြို့အတွင်းရှိ ပညာရှင်အချို့မှာ ISIS စစ်သွေးကြွ အဖွဲ့၏ အကျိုးစီးပွား အ တွက် ဘာသာရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို ဖောက်ဖျက်လျက် ရှိကြောင်း အယ်ကဝီက ထပ်
လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
PyiChitThar

မှတ်ချက်များ