လက်ထပ်တော့မယ်ဆိုတဲ့“ Crouching Tiger, Hidden Dragon” မင်းသမီး ဇန်ဇီယီ



နာမည်ကျော် Crouching Tiger, Hidden Dragon ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ တရုတ်မင်းသမီး ဇန်ဇီ ယီ(Zhang Ziyi) ဟာ ရော့ခ်အဆိုတော်တဦး နဲ့ လက်ထပ်တော့မယ်လို့ မနေ့က မီဒီယာတွေကို ပြောဆို လိုက်ပါတယ်။

သူမချစ်သူ ရော့ခ်အဆိုတော် ၀မ့်ဖန်း(Wang Feng) က ဇန်ဇီယီရဲ့ ၃၆ နှစ်ပြည့် မွေးနေ့မှာ လက်ထပ် ခွင့်တောင်းခံတဲ့အနေနဲ့ ပေးပို့လာတဲ့ စိန်လက်စွပ်ကို လက်ခံခဲ့အပြီးမှာပြောဆိုလိုက်တာဖြစ်ပါတယ်။
မင်းသမီးဇန်ကတော့ အခုလို ချစ်သူ ၀မ့် က သူမကို လက်ထပ်ခွင့် တောင်းခံခဲ့ခြင်းကြောင့် တခြားသော အနုပညာရှင်တွေအပါအ၀င် များပြားလှသော ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာသံတွေအကြားမှာ မျက် ရည်တောင်ဝဲခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒါအပြင် သူမရဲ့ အွန်လိုင်းလူမှုကွန်ရက်ကနေတဆင့် "လက်ခံပါတယ်"ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံတွေ
ဝေေ၀ဆာဆာ ဖော်ပြခဲ့တာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ကွန်းမန့်တွေကို ရရှိမယ်လို့ ယုံကြည်နေခဲ့ပါ တယ်။

“Crouching Tiger, Hidden Dragon" နဲ့ "Memoirs of a Geisha" စတဲ့ ဇာတ်ကားတွေရဲ့ သရုပ်ဆောင်
ဖြစ်တဲ့ ဇန်ရဲ့ ဖူးစာဖက် အသက် ၄၃နှစ်အရွယ်ရှိတဲ့ ၀မ့်ဖန်းဟာနာမည်ကြီးဂီတပညာရှင် ရော့ခ်အဆိုတော် တဦးလည်းဖြစ်သလို၊ ဇန်ဇီယီနဲ့ မချစ်ကြိုက်ခင်မှာ အိမ်ထောင်နှစ်ဆက်ကျခဲ့ဖူးသူပါ။ သူ့ရဲ့ ဒုတိယအမျိုးသ မီးနဲ့ကတော့ ၂၀၁၃ မှာ ကွာရှင်းခဲ့ပါတယ်။

ဧရာဝတီဘလော့

မှတ်ချက်များ