ကမ္ဘာမှာ romantic အဖြစ်ဆုံး မြို့တွေထဲက တစ်ခုအဖြစ် Beijing သတ်မှတ်ခံရ

Beijing မြို့တော်ဟာ ကမ္ဘာမှာ စတုတ္ထမြောက် romantic အဖြစ်ဆုံး မြို့အဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာ တစ်ဝှမ်း မြို့ပေါင်း ၂၄ မြို့မှ လူအယောက် ၁၁,၀၀၀ ပေါ် စစ်တမ်းကောက်ယူထားတဲ့ Time Out Global Dating Survey တစ်ခုအရ သိရပါတယ်။ အလှပဆုံး ချစ်သူစုံတွဲမြင်ကွင်းနဲ့အတူ romantic အဖြစ်ဆုံး မြို့ အဖြစ် Melbourne၊Luala Lumpur၊ Beijing နဲ့ Chicago စတဲ့ မြို့တွေရှေ့မှာ ဦးဆောင်လျက်ရှိပြီး Paris
မြို့ကတော့ ပထမနေရာကို ယူထားပါတယ်။ London မြို့ကတော့ နံပါတ်ခြောက် နေရာမှာ ရပ်တည်နေ ပါတယ်။

ဗြိတိသျှ အင်္ဂလိပ်ဘာသာစကားက ကမ္ဘာမှာ ဆွဲဆောင်မှု အရှိဆုံးလေသံဖြစ်ကြောင်းလည်း စစ်တမ်းအ ရ တွေ့ရပါတယ်။ Paris၊ New York နဲ့ Sydney မှ စစ်တမ်းကောက်ယူမှုမှာတော့ မေးခွန်းဖြေကြားပေးသူ
လေးပုံတစ်ပုံကျော်တို့က UK လေသံကို ပိုပြီး ကြိုက်နှစ်သက်ကြပါတယ်။ အမေရိကန်လေသံက ဒုတိနေရာ ရယူထားနိုင်ပြီး အိုင်းရစ်ခ်ျနဲ့ သြစတြေးလျလေသံတို့ကတော့ နောက်ကနေ လိုက်နေကြပါတယ်။

တစ်ချိန်တစ်ခါက Language of love လို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်ဘာသာစကားကတော့ ၇.၇% ရာခိုင်နှုန်းနဲ့ ဆက်စီအကျဆုံး ဘာသာစကားအဖြစ် ရွေးချယ်ခံရပြီး ပဉ္စမနေရာကို ယူထားပါတယ်။

Trend Myanmar


မှတ်ချက်များ