ကျော်ကိုကို၊ ဗကသ နဲ့ FUA......


( ဖော်ပြပါပိုစ်ကို Today Myanmar Page မှကူးယူဖော်ပြပါတယ်။ ဒီပိုစ်ထဲမှာဖော်ပြထားတဲ့ အကြောင်းအ ရာတွေက ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးလို့ ပိုသေချာအောင် အချက်အလက်ရှာကြည့်ပြီး သုံးသပ်ပါမယ်။ )

လတ်တလောမှာ မီဒီယာ နဲ့ လူမှုကွန်ယက်ပေါ်က သုံးသပ်ချက်အခြေအနေတွေ အရ .. ဖုန်ကြားရှင် ကိစ္စမှာ တရုတ်ရဲ့ Blame Game အဖြစ် ရှုမြင်ထားကြပါတယ် ။

မနေ့ညက.. ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ MPC နဲ့ ချိတ်ဆက်မှု မရှိပဲ နောက်ကွယ်က သီးခြားလှုပ်ရှားသူ တစ်ယောက်နဲ့ အတူထိုင်ပီး စကားပြောဖြစ်တော့မှ အခြေအနေမှန် သိလာရတယ် ။

အတိုချုပ်ပြောရရင် လက်ရှိ KIA နဲ့ ဖုန်ကြားရှင် လမ်းကြောင်းဟာ .. အမေရိကန် ဖက် လုံးလုံးပါသွားပီလို့ ဆိုရမယ် ။ ဆက်စပ်မှု အနေနဲ့ အခု ကျောင်းသားလှုပ်ရှားမှု ခေါင်းတွေဖြစ်တဲ့ ကျော်ကိုကို နဲ့ ဗကသ အုပ်စုပါ ဒီ Game မှာ ပါဝင်လာမယ်လို့ ဆိုတယ် ။ အတွင်းအပြင်ညှပ်တိုက်ရင် ၃ နှစ်မခံဘူးလို့ အဆိုပါ အဖွဲ့အစည်းတွေ စီမံချက်ဆွဲထားတာလည်း ကနဦးမှာ ရှိပီးသားပါ ။

ဒီနေရာမှာ ထပ်ဆင့် ရှင်းပြဖို့လိုလာတာက.. မူလမှာ FUA ကစားကွက်မှာ မြောက်ပိုင်း ၊ တောင်ပိုင်း ၊ အလယ်ပိုင်း နဲ့ အထူးစစ်ဒေသ ဆိုပီး စစ်ဒေသ (၄)ခု နဲ့ စီမံချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ် ။ ဒါပေမယ့်.. တောင်ပိုင်းစစ်ဒေသ အနေနဲ့မှာ KNU ကို ကျော်လွှားဖို့ မဖြစ်နိုင်တာရယ် ၊ KNU က UNFC ကနေ နှုတ်ထွက်လိုက်တဲ့ အချိန်မှာပဲ.. တောင်ပိုင်းအိပ်မက် မသေချာဖြစ်သွားကြတဲ့ အတွက် မြောက်ပိုင်းစစ်ဒေသ ဆိုတာကို ခပ်စိပ်စိပ် လှုပ်ရှားလာခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အလယ်ပိုင်း စစ်ဒေသဆိုရာမှာလည်း ရွက်ဆစ် ရဲ့ SSA၊ "ဝ" နဲ့ မိုင်းလား ရဲ့ သဘောထားမှာ UNFC အနေနဲ့ အကြွင်းမဲ့ သုံးသပ်ချက် မထုတ်နိုင်တာ ဖြစ်နေတော့..အလယ်ပိုင်းကလည်းဝါးတားတားအနေအထားပဲ ဖြစ်တယ်လို့ ဆိုပါတယ် ။ SSA နဲ့ "ဝ" မိုင်းလား သဘောထားမှာ အဖွဲ့အားလုံး ပါဝင်မှု ကို ယတိပြတ် ကောက်ချက်ဆွဲလို့မရနိုင်ပေမယ့်.. ဒီအဖွဲ့တွေထဲက ဖုန်ကြားရှင် ရဲ့ အမျိုးအနွယ်နဲ့ ပါတ်သက်လို့တော့ ပါဝင်နိုင်မှု အနေအထားမှာ Comfirm ပြုနိုင်တဲ့ အခြေအနေကလည်း ရှိပါတယ် ။

FUA အနေနဲ့ တောင်ပိုင်းကို ပြန်ကြည့်မယ် ဆိုရင် အားပြုစရာက တင်ပသီ တို့ပဲ ရှိပါတယ် ။ တင်ပသီ အောက်က စန်းအောင်နဲ့ တိုက်ဂါးမှာကလည်း ပြောပလောက်တဲ့ အင်အား မရှိပါဘူး ။ အပေါ်မှာ ရေးခဲ့သလို တောင်ပိုင်းမှာ KNU ရဲ့ ဝိတ်ကို ကျော်လွှားနိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ.. စစ်နယ်ဝန်းကို ပြောင်းလွှဲလုပ်ဆောင်ဖို့ အတွက် တောင်ပိုင်းမှာ ထင်သလောက်မလှုပ်ရှားနိုင်တဲ့ သဘောကွဲအဖွဲ့တွေနဲ့ ပူးပေါင်းပီး အထူးစစ်ဒေသ လှုပ်ရှားမှု အဖြစ် စီမံချက် ချမှတ်ကြတယ်လို့ ဆိုပါတယ် ။

အထူးစစ်ဒေသ Game မှာ တွဲဖက်အနေနဲ့ ပြည်တွင်း ကျောင်းသားသပိတ်က ဟန်ချက်ညီ လှုပ်ရှားမှု တစ်ခုအဖြစ် ချိတ်ဆက်ထားပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ UNFC လက်ဝေခံ ကယန်းပြည်သစ်ပါတီ ရဲ့ အခမ်းအနားတိုင်းကို ဗကသ နဲ့ကျော်ကိုကိုတို့ မပျက်မကွက်တက်ရောက်ခဲ့ကြတဲ့ လှုပ်ရှားမှု ကွန်ယက်ရှိနှင့်ထားပီး ဖြစ်လို့ပါပဲ ။ ကယန်းပြည်သစ်ပါတီ ပါဝင် လာတာနဲ့ တောင်ပိုင်းမှာ KNU ကို မကျော်လွှားနိုင်တဲ့ ငြိမ်းချမ်းရေးသဘောထားကွဲ အဖွဲ့အချို့နဲ့ KNPP ကပါ ဒီ အထူးစစ်ဒေသ လှုပ်ရှားမှု မှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ် ။

FUA (ဖယ်ဒရယ်တပ်မတော်) အမည်ခံ ရဲ့ စစ်ဒေသပိုင်းခြားထားမှု အရ အထူးစစ်ဒေသ ဟာ နေပြည်တော် နဲ့ ပျဉ်းမနား အနီးစပ်ဆုံး ဧရိယာ တဝိုက်လို့ ဆိုပါတယ် ။ ဒါပေမယ့်.. သတင်းလက်ဦးမှု ကြိုတင်ရှိပီးသားဖြစ်တဲ့ အတွက် အထူးစစ်ဒေသ Game နဲ့ ပါတ်သက်လို့ အစိုးရ နဲ့ တပ်မတော်က ကြိုတင် စီမံဆောင်ရွက်ပီးလည်း ဖြစ်တယ်ဆိုပီး အဲ့ဒီ ပုဂ္ဂိုလ်ပြောပြချက်အရ သိရပါတယ်။

ပြန်ကောက်ချက်ဆွဲမယ် ဆိုရင်.. လက်ရှိ ဖုန်ကြားရှင် လှုပ်ရှားမှု မှာ တရုတ်ရဲ့ ဝှက်ဖဲ ဆိုတာထက် အမေရိကန် ရဲ့ CIA နဲ့ NSA တို့ရဲ့ နှစ်ပေါင်း ၁၀ ကျော်က FUA ယန္တရား အစပြု လည်ပတ်လာတာလို့ ဆိုရမှာပါ ။ ဒီကြားထဲမှာပဲ ဖုန်ကြားရှင်က တရုတ် ဘလော့ဂါတွေ ဆီ ပိုက်ဆံပေးပီး ဒီ ကိုးကန့် တိုက်ပွဲ တွေနဲ့ပါတ်သက်လို့ တရုတ်ကျောထောက်နောက်ခံပြု သယောင် ရေးစေထားတာတွေလည်း ရှိပါတယ် ။

ပြောပြချက်အရ.. လက်ရှိ တရုတ်အစိုးရရဲ့ အကြောင်းပြန်ချက်မှာ မြန်မာအစိုးရ အနေနဲ့ လွတ်လပ်စွာ စီမံလှုပ်ရှားပါ ဆိုတာရယ်.. တရုတ်နယ်နိမိတ်အတွင်း ကျည်ကျော်ကျမှု ရှိလာခဲ့ရင်လည်း အကြောင်းမဟုတ် လို့ ဆိုပါတယ် ။
တရုတ်အနေနဲ့ Geo-Politics အရ မြန်မာဟာ ဒစ်ပလိုမေစီ နဲ့ ချဉ်းကပ်ရမှာ ဖြစ်သလို မြန်မာ-တရုတ်နယ်စပ် စစ်ဖြစ်နေသမျှ တရုတ်အကျိုးစီးပွား ထိခိုက်နိုင်တဲ့ အတွက် .. မြန်မာပြည်တွင်းငြိမ်းချမ်းရေးဟာ တရုတ်ရဲ့ အားထားရာ ဖြစ်တယ်လို့ ဆိုပါတယ် ။ မြန်မာနဲ့ သံတမန် ဆက်ဆံရေး မပျက်ပြားချင်တဲ့ တရုတ်အနေနဲ့ ဘယ်လို သဘောထားပြုလာမယ်ဆိုတာ စဉ်းစားကြည့်ရုံနဲ့ အဖြေပေါ်ပါတယ် ။

ဆိုရရင်.. CIA ရဲ့ Blame Game ဖြစ်တဲ့ ဖယ်ဒရယ်ယူနီယံ တပ်မတော်(FUA) အိပ်မက် ပျက်ပြယ်သွားပီလို့ ပြောရပါမယ် ။ CIA ရဲ့ ဆဲလ်တချို့ MPC အတွင်းမှာ ရှိနေလို့သာ ဒီ ငြိမ်းချမ်းရေး နှောင့်နှေးရတယ် လို့ ဆိုပါတယ် ။သိရသလောက် ကျောရိုးအနေအထားကို ဖော်ပြတာ ဖြစ်ပီးတော့ .. အရေးကြီး အချို့ အချက်အလက်များကိုတော့ ချန်လှပ်ထားခဲ့ပါတယ် ။

ဖုန်ကြားရှင် ဟာ FUA အိပ်မက်ရဲ့ Game ထဲက တရုတ် Back Up မရှိတဲ့ ချအကျွေးခံ ပွန်းတစ်ကောင် သက်သက်ပဲ ဆိုတာ.. အားလုံးသိစေဖို့ ပဲ ဖြစ်ပါတယ်။။။

LT

မှတ်ချက်များ