ထောင်ထဲမှာပဲ လိင်တူ(Gay) အချင်းချင်း လက်ထပ်ကြမယ့် လူသတ်သမား ၂ ဦး


စိတ္တဇ လူသတ်သမား အမျိုးသား တစ်ယောက်ဟာ အခြားလိင်တူချင်းသတ်ပြီး ထောင်ကျလာတဲ့ အခြား အမျိုးသားတစ်ယောက်နဲ့ ထောင်ထဲမှာပဲ လိင်တူ(Gay) အချင်းချင်း လက်ထပ်ကျမှာ ဖြစ်တယ်လို့ သိရပါ တယ်။

အသက် ၄၀ နှစ် အရွယ်ရှိတဲ့ စိတ္တဇ လူသတ်သမား တစ်ယောက်ဖြစ်တဲ့ Mikhail Ivan Gallatinov ဟာ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ လိင်တူ(Gay) အချင်းချင်း ပြန်လည်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား Marc Goodwin နဲ့ နောက်လအတွင်း East York ပြည်နယ်က Full Sutton ထောင်ထဲမှာပဲ လက်ထပ်ကြမှာ ဖြစ် ပါတယ်။

Ivan Gallatinov ဟာ သူ့အသက် ၂၃ နှစ်အရွယ် ၁၉၉၇ ခုနှစ်မှာ အသက် ၂၈ နှစ်အရွယ် Adrain Kaminsky ဆိုသူကို သွေးအေးစွာ ကြိုတင်စီစဉ် အကွက်ချပြီး သတ်ခဲ့တဲ့အတွက် ထောင်ဒဏ်အနှစ် ၂၀ ကျခံခဲ့ရတာဖြစ်ပြီး Goodwin ကတော့ သူ့အသက် ၂၃ နှစ်အရွယ် ၂၀၀၇ ခုနှစ် မှာ အသက် ၅၇ နှစ်အရွယ် Malcolm Benfold ဆိုသူကို သတ်ဖြတ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ နှစ် ကျခံခဲ့ရသူဖြစ်ပြီး Goodwin ဟာ ထောင်မကျခင်က လိင်တူ(Gay) တွေကို လိုက်လံနှိမ်နင်းတဲ့ ဂိုဏ်းတစ်ခု ရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

ထောင်အာဏာ ပိုင်တွေကတော့ သူတို့ ၂ ယောက်ကို ထောင်ထဲမှာပဲ လက်ထပ်ခွင့်ပြုခဲ့ပေမယ့် အကျဉ်း
ထောင် အခန်းတစ်ခုထဲမှာတော့ အတူနေထိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ