Miss Universe 2015 ပြိုင်ပွဲ မြန်မာတွင် ကျင်းပရန် ကမ်းလှမ်းမှု စဉ်းစားချိန် တစ်လခန့်သာရသဖြင့် ဟိုတယ်/ခရီးနှင့် အားကစားဝန်ကြီးဌာနများ၏ အကူအညီလိုဟုဆို


Miss Universe 2015 အလှမယ်ပြိုင်ပွဲကြီး အား မြန်မာနိုင်ငံတွင် ကျင်းပဖြစ် မဖြစ် စဉ်းစားရန် တစ်လ သာအချိန် ရရှိသဖြင့် ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနနှင့် အားကစားဝန် ကြီးဌာနများ၏အ  ကူအညီလိုအပ် နေကြောင်း Miss Golden Land Myanmar မှ National Director ဒေါ်စိုးယုဝေ က ပြောသည်။

အမေရိကန်အခြေစိုက် Miss Universe အလှမယ်ပြိုင်ပွဲကျင်းပပြု လုပ်ရေးအဖွဲ့ အစည်းမှာ ၂ဝ၁၅ခုနှစ် တွင်ကျင်းပမည့် မယ်စကြဝဠာအလှ မယ်ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် ကျင်းပခြင်း ပြုမည်မပြုမည်ဟူသော
 ဆုံးဖြတ်ချက်အား စဉ်းစားရန် တစ်လ သာအချိန်ပေးထားကြောင်း သိရသည်။

''မြန်မာနိုင်ငံကနေပြီးတော့ Miss Universe 2015 ကျင်းပမယ် မကျင်းပဖူးဆိုတဲ့ စဉ်းစားဖို့အချိန်က တစ်လ ပဲရှိတာပါ။ အဲဒီတစ်လ အတွင်းမှာ ကျွန်မတို့က စဉ်းစားဆုံး ဖြတ်ပြီးတော့ အကြောင်းပြန်ပေးရ မှာပါ။ တ ကယ်လို့သာ ကျွန်မတို့ဘက် က မကျင်းပဖြစ်ဘူး ဆိုရင်တော့ သူ တို့က တခြားနိုင်ငံ တစ်နိုင်ငံကို ကမ်း လှမ်းမှာပါ။ ကျွန်မတို့ဘက်ကတော့ မယ်စကြဝဠာပြိုင်ပွဲ မြန်မာနိုင်ငံမှာ ပြုလုပ်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် သွားမှာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ပြောသည်။

(၆၄)ကြိမ်မြောက်အဖြစ်ကျင်း ပမည့် Miss Universe 2015 အလှ မယ်ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် ကျင်း ပဖြစ်ခြင်းရှိမရှိနှင့် ပတ်သက်၍ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲကျင်း ပရေးအဖွဲ့အစည်းအား ဖေဖော်ဝါရီ လအကုန်တွင် ပြန်လည်အကြောင်း ကြားပေးရမည်ဖြစ်ကြောင်း သိရသည်။

Miss Universe Myanmar Organization မှာ ၂၀၁၅ ခုနှစ်အ တွင်း မယ်စကြဝဠာ အလှမယ်ပြိုင် ပွဲကြီး အား မြန်မာနိုင်ငံတွင်ကျင်းပ ပြုလုပ်နိုင်ရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သည့် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းအား ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန်အတွက် အကူအညီများတောင်းခံပြီး၊ Miss Universe Myanmar Organization သည် အားကစားဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက် နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ခြင်း ကြောင့် အားကစားဝန်ကြီးဌာန၏ပံ့ပိုးကူညီမှုများရရှိရန်အတွက် အ ကူအညီများ တောင်းခံထားကြောင်း လည်း သိရသည်။

''မယ်စကြဝဠာပြိုင်ပွဲ မြန်မာ နိုင်ငံက တာဝန်ယူပြီးတော့ လုပ် မယ်ဆိုရင် တကယ်လုပ်နိုင်ပါတယ်။ ဆီး ဂိမ်းပြိုင်ပွဲကြီးကိုတောင်မှ တာ ဝန်ယူပြီးတော့ လုပ်နိုင်ခဲ့သေးတာပဲ လေ''ဟု Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာက ပြောသည်။

ယခုအခါတွင် Miss Universe Myanmar Organization မှမြန်မာ နိုင်ငံတွင် မယ်စကြဝဠာ အလှမယ် ပြိုင်ပွဲကြီးကျင်းပနိုင်ရန်အတွက် နိုင်ငံ တော်အစိုးရ၏ ပံ့ပိုးကူညီမှုများ ရရှိ ရန်နှင့် စပွန်ဆာကုမ္ပဏီများရရှိရန် အတွက် ဆောင်ရွက်လျက်ရှိနေ ကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ