U.S. Embassy Rangoon မှ ကြေညာချက်
ဖေဖော်ဝါရီ ၁၇တွင် ရှမ်းပြည်မြောက်ပိုင်း၌ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီး လူ သားချင်းစာနာကူညီသူ နှစ်ဦးဒဏ်ရာရရှိခဲ့မှုအပေါ် အမေရိကန်နိုင်ငံအနေဖြင့် ရှုတ်ချပါသည်။ အမှန်တ ကယ် အသက်ကယ် ဆယ်ရေး များ လိုအပ်နေသူများကို အကူအညီပေးနိုင်ရန် ရံဖန်ရံခါဆိုသလို မိမိတို့ ကြုံတွေ့ရမည့် ဘေးဒုက္ခအပေါ် ပဓာနမထားဘဲ ကူညီကြသည့် လူသားချင်းစာနာကူညီသူ ကယ်ဆယ်ရေး ဝန်ထမ်းများကို တိုက်ခိုက်ခြင်းမှာ လက်ခံနိုင်စရာ မရှိပါ။ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့သားများ၏ ရဲဝံ့စွန့်စား
ဆောင် ရွက်မှုများကို ကျွန်ုပ်တို့ လေးစားဂုဏ်ပြုမိပါသည်။
ကိုးကန့်ဒေသနှင့် မြန်မာနိုင်ငံအရပ်ရပ်တွင် အကူအညီလိုအပ်သည့် မည်သူမဆိုကို လူသားချင်းစာနာစိတ်
ဖြင့် ကူညီပေးနေသောသူ အားလုံးကို လည်း လေးစား ဂုဏ်ပြုအပ်ပါသည်။ ၄င်းအပြင် (ရှမ်းပြည်မြောက် ပိုင်း တွင် လတ်တလော ဖြစ်ပွားနေသည့် အခြေအနေအရပ်ရပ်အတွက်) တာဝန် ရှိသူအားလုံး ကိုလည်း
နိုင်ငံတကာ လူသားချင်းစာနာကူညီသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ်ထားရှိအပ်သည့် စံနှုန်း များအတိုင်း ကျင့်သုံးပြီး ကယ်ဆယ်ရေးဝန်ထမ်းများကို အပြည့်အဝ အကာအ ကွယ်ပေးရေးနှင့် ဘေး အန္တရာယ်ကင်းစွာသွားလာနိုင်ရေးတို့ကို ခွင့်ပြုပါ ရန် တောင်းဆိုအပ်ပါသည်။
ထိုနည်းတူစွာ ပြည်သူများကို အကာအကွယ်ပေးရေး နှင့် ပဋိပက္ခဖြစ်ပွား လျက်ရှိသော ဒေသများမှ ၄င်းတို့
ဘေးအန္တရာယ်ကင်းစွာ ထွက်ခွာနိုင်ရေးတို့ ကိုလည်း သေချာမှုရှိစေရန် တာဝန် ရှိသူအားလုံးထံမှ ဆက် လက်တောင်း ဆိုလိုက်ပါသည်။
U.S. Embassy Rangoon

မှတ်ချက်များ