ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေပွဲကို Actions in 10 Years လို့ အမည်ပေးလိုက်တဲ့ ၀ိုင်းစု
ဂီတသက်တမ်း (၁၀) နှစ်ပြည့်တွင်ပြုလုပ်သည့် ဖျော် ဖြေပွဲဖြစ်သောကြောင့် တစ်ကိုယ် တော်ဖျော်ဖြေပွဲကို Actions in 10 Years ဟု အမည်ပေးထားပြီး ဧည့်သည်အဆိုတော်များပါဝင် သော်လည်း ၎င်းနှင့်စုံတွဲ တွဲဖက် သီဆိုသည့်ပုံစံဖြင့်သာ ပါဝင်မည် ဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်းက ပြောသည်။
‘‘ဝိုင်းစုရဲ့ သီချင်းတွေက ပုံစံ မတူတာတွေလည်းရှိတယ်။ မက် လောက်စရာနဲ့ အာဘွားဆို ပုံစံ မတူဘူး။ အဲဒါကြောင့် Theme တူတာလေးတွေကို အပိုင်းလေး တွေခွဲပြီး ဖျော်ဖြေပေးမယ်’’ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။
ထို့အတူ စုံတွဲသီချင်းများကို သီချင်းပုံစံအလိုက် လိုက်ဖက်မှု ရှိသည့်အပိုင်းများတွင် ထည့်သွင်း ဖျော်ဖြေပေး မည်ဖြစ်ပြီး စုစုပေါင်း သီချင်းအပုဒ် ၃၀ ကျော်သီဆိုရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြော သည်။
‘‘အဝတ်အစား အတိအကျ လဲမှာက ငါးစုံလို့ပြောလို့ရတယ်။ အဝတ်အစားလဲတဲ့အချိန်မှာ ဗီဒီ ယိုကလစ်ပြ ထားတာမျိုး၊ ပါဖော မန့်နဲ့ ဖျော်ဖြေပေးတာမျိုးတွေရှိ မယ်’’ဟု အပိုင်းတစ်ခုနှင့်တစ်ခု ကြားတွင် တင်ဆက်ပေး မည့်အစီ အစဉ်အကြောင်း ၎င်းက ပြော သည်။
စုံတွဲအဆိုအနေဖြင့် Rဇာ နည်၊ အားတီ၊ သားသား၊ Snare နှင့် စန္ဒီမြင့်လွင်တို့ပါဝင်မည်ဖြစ် ပြီး အခြားအ ဆိုရှင်အချို့လည်း ပါဝင်မည်ဟု ဆိုသည်။
သီချင်းအများစုကို ပါဖော မန့်များဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး အကအဖွဲ့အနေဖြင့် ယူရေနီယမ်၊ Jade Dragon အဖွဲ့များပါဝင် မည်ဟု ဝိုင်းစုခိုင်သိန်းက ပြော သည်။
ဝိုင်းစုခိုင်သိန်း၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၂၁ ရက်တွင် ရှင်စောပု လမ်းရှိ Myanmar Event Park ၌ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်ခ ဈေးနှုန်းများကို တစ်သောင်းကျပ် (ထိုင်ခုံမပါ)၊ ငါးသောင်းကျပ် (VIP)၊ ခုနစ်သောင်းကျပ် (VVIP) သတ်မှတ်ထားကြောင်း သတင်း ရရှိသည်။
လက်မှတ်များကို 4TV Showroom များ၊ စီးတီးမတ်ဆိုင် များ၊ The Sun Music Produc-tion၊ မန်းသီရိတေး သံသွင်း၊ 1876 Hot Line နှင့် အွန်လိုင်း တွင် www.myasiaticket.com မှလည်း ဝယ်ယူနိုင်သည်။
ထို့အပြင် တစ်နိုင်ငံလုံးမှ ပရိသတ်များကြည့်ရှုနိုင်ရန် 4HD နှင့် For Tune ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ် လွှင့်ပြသပေး မည်ဖြစ်ကြောင်း Forever Blossom မန်နေဂျင်းဒါရိုက်တာ ကိုပြည့်ဖြိုးဟန်က ပြောသည်။
ဇွဲဉာဏ် - 7day

မှတ်ချက်များ