ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အတွက် ရည်စူးဆွမ်းကပ်


၁၉၈၈ မတ်လ အရေး တော်ပုံတွင် ကျဆုံးခဲ့သော စက်မှု တက္ကသိုလ်ကျောင်းသား ကိုဖုန်း မော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၂၇) နှစ်မြောက်နှစ်ပတ်လည် ဆွမ်းကပ်လှူဒါန်းခြင်းကို အင်းစိန်၊ ဗြူးကုန်းတော ရစာသင်တိုက်တွင် မိသားစုဝင်အချို့နှင့် ကျောင်းသားဟောင်းတစ်ရာခန့်က ပြုလုပ်ပေး ခဲ့သည်။

မတ်လ ၁၃ ရက်က ကျင်းပခဲ့သည့် ထိုပွဲ၌ ကောက်ခံရရှိငွေကျပ်၂၁သိန်းကျော်ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်း သို့ ကျပ်ခုနစ်သိန်း၊ ကိုဖုန်းမော်မိသားစုအတွက် ခုနစ်သိန်း၊ ကိုစိုးနိုင်မိသားစုအတွက် ခုနစ်သိန်းလှူဒါန်း ခဲ့ကြောင်းယင်းအခမ်းအနားတွင်ပါဝင်သူ ကဗျာဆရာ လူဖန်ခါးက ပြော သည်။

၁၉၈၈ အရေးတော်ပုံဖြစ်ပွား စေခဲ့သည့် အကြောင်းတစ်ရပ်ဖြစ် သည့် ကိုဖုန်းမော် ကျဆုံးခဲ့သည့် မတ်လ ၁၃ ရက်ကို ‘‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့’’ အဖြစ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက သတ်မှတ် ထားသည်။

‘‘တကယ်တော့ မြန်မာပြည် မှာ ကိုဖုန်းမော်တွေ အများကြီးပါ။ ကိုဖုန်းမော်တို့ထက် အများကြီး ဆိုးတဲ့ လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေ အများကြီးပါ။ ဖြစ်စဉ် တိုင်း ဖြစ်စဉ်တိုင်းမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်း ပုံချင်းကတော့ အတူတူပဲ။ ဒီကနေ့ခေတ်အသွင် ပြောင်း အစိုးရလက်ထက်မှာ လည်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ ရေးအခြေအနေဟာ ဆိုးရွားသည် ထက် ဆိုးရွားနေဆဲပဲ’’ဟု ဗကသ ကျောင်းသား ကိုအောင်ထက်နိုင် က ဆိုသည်။

ကိုဖုန်းမော် (ရန်ကုန်စက်မှုတက္ကသိုလ်၊ ပဉ္စမနှစ်) ပစ်ခတ်သေဆုံးခံရမှုဖြစ်ပွားခဲ့ခြင်းသည် ရှစ် လေးလုံး အရေးတော်ပုံ လူထုအုံကြွမှုဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် တစ်ခုအပါအ၀င် ဖြစ် သည်။

.ဇေနွေထွန်း - 7day

မှတ်ချက်များ