သင်္ကြန်မဏ္ဍပ်ပါမစ်ဈေးနှုန်းများယခင်နှစ်ထက်နှစ်ဆခန့် မြင့်တက်


ယခုနှစ်သင်္ကြန်ရေ ကစားမဏ္ဍပ်ဆောက်လုပ်ရန် ခွင့် ပြုချက်ပါမစ်များ ယခင်နှစ်က ထက် နှစ်ဆခန့်မြင့် တက်နေကြောင်း ရေကစားမဏ္ဍပ်စီစဉ်သူများထံမှ သတင်းရရှိသည်။

ယခုနှစ် သင်္ကြန်ရေကစား မဏ္ဍပ်များ အာမခံစရန်ငွေမြင့် တက်သွားခြင်းကြောင့် တစ်ဆင့် ပြန်လည်ရောင်း ချသော မဏ္ဍပ်ပါ မစ်ဈေးနှုန်းများမှာ တရားဝင်ပါ မစ်မကျမီပင် ယခင်နှစ်ကထက် ဈေးနှုန်းနှစ်ဆမြင့်တက်နေ သည် ဟု ရေကစားမဏ္ဍပ်စီစဉ်သူ ကို ကျော်ကျော်ဦးက ပြောသည်။

‘‘ဒီနှစ်က ရေကစားမဏ္ဍပ် အာမခံငွေတွေကလည်း ဈေး တက်လာတော့ လျှောက်ထားတဲ့ သူတွေထဲမှာ ပါမစ်ပြန်ရောင်းချင် တဲ့သူတွေပိုများမှာ။ အခုတရား ၀င်ပါမစ်တောင် မထွက်သေးဘူး။ အပြင်မှာ ပါမစ်ပေါက်ဈေးက သိန်းခြောက်ရာလောက်ခေါ်နေ ကြပြီ’’ဟု ၎င်းက ပြောသည်။

မြန်မာ့ရိုးရာပွဲတော်သင်္ကြန် ကာလအတွင်း ရေကစားမဏ္ဍပ် အာမခံစရန်ငွေများမှာ ယခင်နှစ်က မဏ္ဍပ် အကြီးကျပ် ၇၅ သိန်းနှင့် မဏ္ဍပ်အသေးကျပ် ၄၅ သိန်းသာကောက်ခံခဲ့ပြီး ယခုနှစ်တွင် မဏ္ဍပ်အကြီးကျပ် သိန်း ၁၀၀ နှင့် မဏ္ဍပ်အသေးကျပ်သိန်း ၆၀ အထိ တိုးမြင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။

‘‘သင်္ကြန်မဏ္ဍပ်ပါမစ်တွေ လည်း ဈေးကောင်းနေတော့ လက်မှတ်ဈေးတွေပါ ဒီနှစ်ဈေးမြင့်မ လားမပြောနိုင် ဘူး။ ဒီနှစ်ကို မဏ္ဍပ် ဆောက်ဖို့ ပါမစ်တွေက အရင်နှစ် တွေထက် ဈေးတွေပိုကောင်းနေ ကြပြီ။ ဒါကြောင့် ပါမစ်တစ်ဆင့် ပြန်လည်ရောင်းတာတွေ လျော့ သွားစေချင်တယ်’’ဟု သင်္ကြန်ကာ လအတွင်း မဏ္ဍပ်ထိုင်ရန် စီစဉ်နေသူ ဗဟန်းမြို့နယ်နေ ကိုသန့်စင် ၀င်းက ပြောသည်။

ယခုနှစ်တွင် ရေကစားမဏ္ဍပ်အာမခံစရန်ငွေများ တိုး မြင့်ကောက်ခံခဲ့သော်လည်း ရေ ပိုက်ဈေးနှုန်းများမှာ စည်ပင် သာယာရေးကော်မတီပိုင်ပိုက်ရေ နှင့် ကန်တော်ကြီး၊ အင်းလျားကန် ရေပိုက်နှုန်းထားများမှာ ယခုနှစ် များနှင့် အတူတူပင်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအင်ဂျင်နီယာလမ်း၊ တံတားဌာနမှ သိရသည်။

မဏ္ဍပ်ပါမစ်များတစ်ဆင့် ပြန်လည်လွှဲပြောင်းရောင်းချခြင်း တို့မှာ နှစ်စဉ်ဖြစ်ပေါ်နေပြီး ၂၀၁၃ရန်ကုန်သင်္ကြန် မဏ္ဍပ် ပါမစ် ပေါက်ဈေးမှာ သိန်းကျပ် ၁၅၀ ရှိခဲ့ပြီး ၂၀၁၄ တွင် သိန်းကျပ် ၃၀၀ အထိ အမြင့်ဆုံးဈေးမြင့် တက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြူဖွေးသန့်၊ ဟိန်းသာ - 7day

မှတ်ချက်များ