နောက်တစ်ဆင့်တက်မည်ဟု ယုံကြည်ကြောင်း ဝင်းဂါးထုတ်ဖော်ပြောဆို


အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ယနေ့ညကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အာဆင်နယ်က မိုနာကို အား ကျော်ဖြတ်ကာ နောက်တစ်ဆင့်တက်နိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆင်နယ်မှာ ပထမအကျော့ အိမ်ကွင်းတွင် ၃-၁ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ယခုအဝေးကွင်းတွင် ၃ဂိုးပြတ် အနိုင်ရမှသာ ကွာတားဖ်ုင်နယ်ကို တက်ရောက်နိုင်မည်ဖြစ်သည်။

မိုနာကိုမှာ ယင်းတို့၏ အိမ်ကွင်း စတိတ်လူးဝစ်၂တွင် ကစားသည့် ဥရောပပွဲစဉ်များတွင် ရှုံးနိမ့်ခြင်း မရှိသည်မှာ ၁၀နှစ် ရှိနေပြီဖြစ်သည်။

ထို့ပြင် ယင်းတို့အသင်း ပြိုင်ပွဲမှ ထွက်ခွာရမည့် ရလဒ်များဖြင့် ရှုံးနိမ့်ခြင်း မရှိသည်မှာလည်း နှစ်ပေါင်း၂၀ နီးပါး ရှိနေပြီစြေ်ကြောင်း သိရသည်။

ဝင်းဂါးက ပြောကြားရာတွင် “ကိန်းဂဏန်း အချက်အလက်တွေက ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါ တယ်၊

ကျွန်တော်တို့ ဒါကို သတိပြုရမှာပါ၊ ဒီအချက်အလက်တွေ မှားယွင်းကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ၊

ဒါက ကျွန်တော်တို့ရဲ့ ဆန္ဒပါ၊ ကျွန်တော်တို့ နောက်တစ်ဆင့် တက်နိုင်မယ်လို့ ယုံကြည်ပါတယ်၊

ကျွန်တော်တို့ မယုံကြည်ဘူးဆိုရင် ဒီနေရာကို ရောက်နေမှာ မဟုတ်ပါဘူး၊ ဘောလုံးဆိုတာ ခန့်မှန်းလို့မရ တဲ့ အရာတစ်ခုပါ၊

ပထမအကျော့တုန်းက ကျွန်တော်တို့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ဘူး၊ အဲဒီပွဲက အံ့သြစရာပါ၊ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊

တစ်ခါတစ်လေ ဘဝမှာ ပထမအကြိမ် ရရှိတဲ့အခွင့်အရေးကို အသုံးမချတတ်ရင် ဒုတိယအကြိမ်ဆိုတာ မရှိတော့ပါဘူး၊

ဒါပေမယ့် ကျွန်တော်တို့မှာ ဒုတိယအကြိမ် အခွင့်အရေး ရှိပါသေးတယ်၊ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချသွားမှာပါ” ဟု ပြောဆိုသွားခဲ့သည်။

မိုနာကိုမှာ အိမ်ကွင်း နောက်ဆုံး၁၂ပွဲတွင် ၁ဂိုးသာ ပေးထားရပြီး ချန်ပီယံလိဂ် အုပ်စုအိမ်ကွင်း ၃ပွဲစလုံးတွင် ပေးဂိုးလုံးဝ မရှိခဲ့သည့် အသင်းလည်း ဖြစ်သည်။

သို့သော် အာဆင်နယ် အသင်းခေါင်းဆောင် မာတီဆက်ကာက အသင်းတွင် ယုံကြည်မှုရှိနေပြီး ပထမ အကျော့ ပွဲစဉ်နောက်ပိုင်း အသင်းရလဒ်များ တိုးတက်ကောင်းမွန်လာကြေင်း ပြောဆိုခဲ့သည်။

မာတီဆက်ကာက “ဒီပြိုင်ပွဲမှာ ဒုတိယအကျော့ ရှိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ ပထမ အကျော့မှာ ကျွန်တော်တို့ အမှားတွေ လုပ်ခဲ့ကြတယ်၊

အထူးသဖြင့် ဆုံးဖြတ်ချက် အမှားတွေ ပြုလုပ်ခဲ့ကြတာပါ၊ ပထမအကျော့တုန်းက ကျွန်တော်တို့ရဲ့ စိတ်ဓာတ် ပိုင်းက အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပါဘူး၊

ပွဲအစကတည်းက ဖိအားတွေ ရှိနေခဲ့ပြီး ဖိအားရဲ့ ဒဏ်ကို ကျွန်တော်တို့ မခံနိုင်ခဲ့ဘူး၊ အဲဒီပွဲအပြီးမှာတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်း အများကြီး တိုးတက်လာခဲ့ပါတယ်၊

ဒါကြောင့် အဝေးကွင်းမှာတောင် ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်မှု ရှိနေတာပါ၊

ပထမအကျော့က အမှားတွေကြောင့် ဒီလိုရလဒ် ထွက်ပေါ်ခဲ့တာပါ၊ ဒါပေမယ့် ဒီအမှားတွေကို သင်ခန်းစာ ယူရမှာပါ၊

အခုပွဲမှာတော့ ခြေစွမ်းကောင်းဖို့ လိုပါတယ်၊ ခြေစွမ်း ပြသနိုင်ဖို့ မလွယ်ပါဘူး၊ ဒါပေမယ့် ကြိုးစားယှဉ်ပြိုင် သွားမှာပါ” ဟု ပြောကြားသွားခဲ့သည်။

မိုနာကိုနည်းပြ ဂျာဒင်ကမူ ယခုပြိုင်ပွဲတွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီက အင်္ဂလန်ကလပ် ချဲလ်ဆီးကို ကျော်ဖြတ်နီုင်ခဲ့ပြီး ပြင်သစ်ကလပ်များက အင်္ဂလန်ကလပ်များကို အနိုင်ယုသည့်နှစ် မဟုတ်ဟု မည်သူမှ မပြောနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

aung sann moe - Planet Myanmar

မှတ်ချက်များ