မီချီဂန်ယူနိုက်တက် လိဂ်ဘောလုံးပွဲစဉ် တစ်ပွဲတွင် သတိပေးကတ်ပြား ပြသခံရပြီးနောက် ဒိုင်လူကြီးကို လက်သီးဖြင့် တစ်ချက်တည်း အသေထိုးသတ်ခဲ့သည့် အပျော်တမ်း ဘောလုံးသမား တစ်ဦးသည် ထောင် ဒဏ် ရှစ်နှစ် ချမှတ်ခံလိုက်ရသည်။
ကွင်းလယ်ဒိုင် ဘီယန်နီဝစ်ခ်ျသည် အသက် ၃၇ နှစ်အရွယ်ရှိ စက်မှုပညာရှင် ဘက်ဆယ်ဆက်ကို နှစ်ဝါတစ် နီဖြင့်ထုတ်ပယ်ခဲ့ရာ ဦးခေါင်းကိုအထိုးခံရပြီး ကွင်းအတွင်းသတိလစ်လဲကျခဲ့သည်။ ယင်းဖြစ်ရပ်မှာ ယမန်နှစ် ဇွန်လအတွင်းဖြစ်ပွဲခဲ့ခြင်းဖြစ်ပြီး အသက် ၄၄ နှစ်ရှိ ကွင်းလယ်ဒိုင် ဘီယန်နီဝစ်ခ်ျမှာ အထိုးခံရပြီး နှစ်ရက် အကြာတွင်သေဆုံးခဲ့သည်။ ဘက်ဆယ်ဆက်အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ် ရန်ကြံစည်ခဲ့ခြင်းမ ဟုတ်ဟုအသနားခံခဲ့ပြီး တရားရုံးကသောကြာနေ့တွင် ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခဲ့သည်။ ဆက်ကိုတရားရုံး မှခေါ်ထုတ်လာ စဉ် ဘီယန်ဝစ်ခ်ျ၏ဇနီး ကရစ္စတန်က အနီကတ်ထောင်ပြခဲ့ပြီး "သူ့နာမည်ရေးမှတ်ထားတဲ့ အနီကတ်ကို မစ္စတာဆက်ကို ပြသလိုပါ တယ်"ဟု ပြောကြားခဲ့သည်။
တရားသူကြီးသော မတ်စ်ကင်မရွန်းက "အကောင်းဆုံးအတွက် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အဆိုးဆုံးအ တွက်လည်းဖြစ်မယ်။ သင်ဟာ အားကစားမှာ အကြမ်းဖက်မှုတွေမြင့်တက်လာတယ်လို့ လူတွေယုံကြည်နေ ကြမှုတွေ ဗမှားယွင်းကြောင်းကိုပြသတဲ့ သရုပ်သဏ္ဍန်ဖြစ်ခဲ့ ပါတယ်"ဟု ပြောကြားခဲ့သည်။
ဘက်ဆယ်ဆက်မှာ ဘီယန်ဝစ်ခ်ျ၏ နာရေးစရိတ် ဒေါ်လာ ၉၂၀၀ ပေးဆောင်ရန်လည်း အမိန့်ချခံခဲ့ရသည်။ မီချီဂန်အာဏာပိုင်များမှာ အားကစားဒိုင်လူကြီးများအပေါ် အကြမ်းဖက်မှုခင်းများအတွက် ဖြေရှင်းရမည့်နည်း လမ်းများကို စဉ်းစားနေကြပြီဖြစ် သည်။
ဝေဘုန်းလူ - mizzima
ဝေဘုန်းလူ - mizzima


မှတ်ချက်များ