ဆိုးလ်အမျိုးသမီးတက္ကသိုလ်ကို ရုတ်တရက် သွားရောက်လည်ပတ်တဲ့ ကင်ဝူဘင်းတို့အဖွဲ့


တောင်ကိုရီးယား Twentyရုပ်ရှင်ဇာတ်ကားမှ ခေါင်းဆောင် မင်းသားများဖြစ်သော ကင်ဝူ ဘင်း၊ ဂန် ဟာနူးနှင့် 2PM ကေပေါ့ပ်အဖွဲ့ဝင် ဂျွန်ဟိုတို့သည် အမျိုးသမီးတက္ကသိုလ်တစ်ခုသို့ ရှောင်တခင်သွားရောက် လည် ပတ်ခဲ့ကြသည်။

မတ်လ ၁၁ ရက်တွင် ဆိုးလ် အမျိုးသမီးတက္ကသိုလ်နယ်မြေသို့ Twenty ခေါင်းဆောင်မင်းသမီး သုံးဦး အလည်အပတ်ရောက်ရှိ သည့် မှတ်တမ်းဓာတ်ပုံများကို Twenty ရုပ်ရှင်ဇာတ်ကားဖြန့်ချိ ရေးကုမ္ပဏီက မတ်လ ၁၃ ရက် တွင် ဖော်ပြပေးခဲ့သည်။

Twenty သရုပ်ဆောင်မင်း သားများ ဆိုးလ်အမျိုးသမီး တက္ကသိုလ်သို့ အလည်တစ်ခေါက် ဗီဒီယိုကို မတ်လ ၁၄ ရက်တွင် KBS ရုပ်သံလိုင်း၏ Entertain-ment Weekly အစီအစဉ်၌ ထုတ် လွှင့်ပြသမည်ဖြစ်သည်။

ကင်ဝူဘင်း၊ ဂန်ဟာနူးနှင့် ဂျွန်ဟိုတို့သည် တက္ကသိုလ် ကျောင်းသူများအား ပီဇာများ လက်ဆောင်ပေး၍ နှုတ်ဆက်ခဲ့ သည်။

ထို့အပြင် ၎င်းတို့သုံးဦးသည် စာသင်ခန်းထဲသို့ဝင်ရောက်ပြီး ပရိသတ်များကို အံ့အားသင့်စေခဲ့ သည်။ ၎င်းတို့သည် White Day အထိမ်းအမှတ်အဖြစ် ကျောင်းသူ များအား သကြားလုံးများပေး၍ ပွေ့ဖက်နှုတ် ဆက်ခဲ့သည့်အပြင် ဂိမ်းအချို့လည်း ကစားခဲ့ကြ သည်။ ကင်ဝူဘင်းတို့အဖွဲ့ ဆိုးလ် အမျိုးသမီးတက္ကသိုလ် သို့ရှောင် တခင်သွားရောက်လည်ပတ် သည့်သတင်းများ အွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီးနောက် အခြားပရိသတ် များက ၎င်းတို့၏ ကျောင်းများသို့ လာရောက်လည်ပတ်ပေးရန် တောင်းဆိုလာကြသည်။

Twenty ရုပ်ရှင်ဇာတ်ကား ကို မတ်လ ၂၅ ရက်တွင် ရုံတင် ပြသမည်ဖြစ်သည်။

မှတ်ချက်များ