အစိုးရကစီစဉ်တဲ့ လူငယ်ဆိုင်ရာပွဲတွေကို ပူးပေါင်းပါဝင်တော့မှာ မဟုတ်ကြောင်း အမျိုးသားလူငယ်ကွန် ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
လက်ပံတန်းသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ ကျောင်း သားတွေ လွတ်မြောက်မှသာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမျိုးသားလူငယ်ကွန်ရက် အဖွဲ့ အတွင်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“ပြည်ထောင်စုလူငယ်စင်တာ ပေါ်ပေါက်ရေးဆိုပြီးတော့ ကျမတို့အစိုးရနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်
နေတာတွေ ရှိတယ်ပေါ့နော်၊ အဲ့ဒါတွေအားလုံးကိုလည်း ရပ်ဆိုင်းထားတယ်၊ အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အ စည်းကနေ ဖိတ်ခေါ်ပြီး ကျင်းပတဲ့အခမ်းအနားတွေ၊ ညီလာခံတွေ၊ အစည်းအဝေးတွေ၊ ဖိုရမ်တွေကို လူငယ် ကွန်ဂရက်အနေနဲ့ရော နောက်သဘောတူလက်ခံတဲ့ ကွန်ရက်အဖွဲ့ဝင်တွေအနေနဲ့ရော မတက်ဖြစ်တော့ ဘူပေါ့နော်၊ လူငယ်တွေက ဒီပညာရေးပြုပြင်ပြောင်းလဲရေးအတွက်ကို ဝိုင်းဝန်းထောက်ခံပေးနေတယ်၊ ကျောင်းသားတွေကို ကျမတို့ဝန်းရံပေးနေတယ်ဆိုတဲ့အနေနဲ့ ရှိနေတာကို ဖမ်းဆီးခံရတဲ့အတွက်ကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
အမျိုးသားလူငယ်ကွန်ရက်ဟာ ပြည်ထောင်စုလူငယ်စင်တာပေါ်ပေါက်ရေး၊ အမျိုးသားလူငယ်ရေးရာ မူဝါဒတွေရေးဆွဲရေး စတဲ့လုပ်ငန်းတွေမှာ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။
ကွန်ရက်အနေနဲ့ အစိုးရက ဖမ်းဆီးထားတာတွေကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကို ဒီလ ၁၅ ရက်နေ့က စတင်လုပ်ဆောင်နေတာဖြစ်ပြီး ဖမ်းဆီးခံကျောင်းသားတွေအားလုံး လွတ်မြောက်တဲ့ အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၀ ရက်နေ့က ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှုမှာ အမျိုးသားလူငယ်ကွန် ရက် အဖွဲ့ဝင် ၁၈ ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်ဆန္ဒပြပွဲကို သွားရောက်သတင်းယူတဲ့ သတင်း

ထောက်တွေ ရိုက်နှက်ဖမ်းဆီးခံရမှုကို စုံစမ်းဖော်ထုတ်ပေးဖို့ IPI (International Press Institute) နိုင်ငံတကာ စာနယ်ဇင်းသိပ္ပံအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
သတင်းထောက်တွေ အခုလို ရိုက်နှက်ဖမ်းဆီးခံရမှုအတွက် တုန်လှုပ်ခြောက်ခြားမိကြောင်း၊ အစိုးရအနေနဲ့ စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဖို့လိုအပ်ကြောင်း IPI အဖွဲ့ရဲ့ အကြီးအကဲ ဘာဘရာ ထရီယွန်ဖီ (Barbara Trionfi) က ပြောပါတယ်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့အခြေစိုက် IPI နိုင်ငံတကာ စာနယ်ဇင်းသိပ္ပံအဖွဲ့ဟာ အခုလအတွင်း မြန် မာနိုင်ငံမှာ စာနယ်ဇင်းညီလာခံတစ်ခုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အဲဒီပွဲကို သမ္မတဦးသိန်းစိန်နဲ့ ပြန်ကြား

ရေးဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက်မှာဖြစ်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ MJN ကတော့ သတင်း
ထောက်တွေ ရိုက်နှက်ဖမ်းဆီးခံရမှုကြောင့် မတက်ရောက်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာထားပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က MJN အဖွဲ့ မတက်ရောက်တဲ့အတွက် ထိခိုက်မှုမရှိဘူးလို့ သူ့ရဲ့ အင်တာ နက် Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
RFA
RFA

မှတ်ချက်များ