တရုတ်နဲ့ စပိန်ကို ကုန်သွယ်ပေးတဲ့ ကမ္ဘာ့အရှည်ဆုံး မီးရထားလမ်း


တရုတ်နိုင်ငံအရှေ့ပိုင်း ရီဝူပြည်နယ်ကနေ စပိန်နိုင်ငံ မက်ဒရစ်မြို့အထိ ဖောက်ထားတဲ့ ရထားလမ်းဟာ ကမ္ဘာပေါ်မှာအရှည်လျားဆုံး မီးရထားလမ်းဖြစ်ပါတယ်။ ရထားလမ်းဖောက်ပြီးသွားတဲ့အခါ ပထမဆုံး အကြိမ် ရထားလမ်းခရီး အစအဆုံးဖြတ်သန်းခဲ့တဲ့ မီးရထားဟာ အခုပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

၂၀၁၄ နိုဝင်ဘာ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ရီဝူပြည်နယ်ကနေ စတင်ထွက်ခွာသွားတဲ့ ကုန်တင်မီးရထား ဟာ အခုပြန်ရောက်လာခဲ့ပြီဖြစ်ပြီး အသွားအပြန်ခရီး လေးလတာ ကြာမြင့်ခဲ့ပါတယ်။ တရုတ်အရှေ့ပိုင်း ကနေ မက်ဒရစ်မြို့ကို သွားရာမှာ လမ်းခရီးတလျှောက် ကာဇက်စတ်၊ ရုရှား၊ ဘီလာရုစ်၊ ပိုလန်၊ ဂျာမနီ၊ ပြင် သစ် စတိုင်းနိုင်ငံတွေကို ဖြတ်သန်းမောင်းနှင်ပြီးမှ စပိန်ကို ရောက်တာဖြစ်ပါတယ်။ မက်ဒရစ်မြို့မှာ ဂိတ်ဆုံး တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ရထားလမ်းဟာ စုစုပေါင်း အသွားအပြန်ဆိုရင် မိုင်ပေါင်း ၁၆၀၀၀ ရှည်လျားပါတယ်။ အဓိကအားဖြင့်တော့ စပိန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား တိုက်ရိုက်ကုန်သွယ်မှုကို ပိုမိုချောမွေ့စေဖို့အတွက် ဒီရထားလမ်းကို ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခု မက်ဒရစ်မြို့ကနေ ကုန်စည်တွေတင်ပြီး ပြန်လာတဲ့ ကုန်တင်မီးရထားမှာ ကွန်တိန်ပေါင်း ၈၂ လုံး သယ်ဆောင်လာပါတယ်။ တရုတ်ထုတ်ကုန်တွေဖြစ်တဲ့ ကလေးအဝတ်စားဖြစ်တဲ့ ချည်ထည်တွေနဲ့ အထည် ချုပ်စက်ရုံသုံး ကုန်ပစ္စည်တွေကို သယ်ဆောင်သွားပြီး စပိန်ကထွက်တဲ့ ဝိုင်၊ သံလွင်ဆီနဲ့ အခြား တာရှည်ခံ စားသောက်ကုန်တွေ ပြန်လည်တင်ဆောင်လာပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့ဟာ ယခင်ကတည်းက ဥရောပမှာ ကုန်သွယ်မှု အချက်အချာကျတဲ့ နေရာဖြစ်တဲ့အပြင် အာဖရိကနဲ့ လက်တင်အမေရိကဒေသတွေ နဲ့လည်း တိုက်ရိုက်ကုန်သွယ်မှု ရှိတဲ့အရပ်ဖြစ်ပါတယ်။

Planet Myanmar

မှတ်ချက်များ