ပီအက်စ်ဂျီအသင်းနှင့် ပြင်သစ်မထိုက်တန်ဟု ပြောကြားမိခဲ့သော ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ပြင်သစ်ပြည်သူ များကို ပြန်လည်တောင်းပန်ခဲ့ရသည်။
ကျွန်တော့်စကားလုံးက ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်လူမျိုးတွေကို ရည်ရွယ်ပြောဆိုတာ မဟုတ်ပါဘူး" ဟု ပြော ကြားခဲ့သည်။ ကွင်းလယ်ဒိုင် ဂျက်ဖရက်ဒိုကို ဆဲဆိုခဲ့သည်ဟု သတင်းထွက်နေခြင်းနှင့် ပတ်သက်၍ လည်း ၎င်းက ဘောလုံးအကြောင်းကိုသာ ပြောဆိုခြင်းဖြစ်ကြောင်းနှင့် အကယ်၍ စော်ကားခံရသည်ဟု ယူဆပါက တောင်းပန်ကြောင်း ပြောဆိုခဲ့သည်။ ဘော်ဒိုးနှင့် ပွဲစဉ်တွင် အီဗရာဟီမိုဗစ် သည် နှစ်ဂိုးသွင်းယူနိုင်ခဲ့သော် လည်း ပီအက်စ်ဂျီအသင်းမှာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
အီဗရာဟီမိုဗစ်သည် ပြီးခဲ့သည့်တစ်ပတ်က ချယ်လ်ဆီးနှင့် ပွဲစဉ်တွင် အနီကတ်ပြ ထုတ်ပယ်ခံရစဉ်ကလည်း ချယ်လ်ဆီး ကစားသမားများမှာ ကလေးငယ်များကဲ့သို့ ပြုမူခဲ့ကြသည်ဟု ပြောဆိုခဲ့ဖူးသည်။ ယင်းပွဲတွင် ပီအက်စ်ဂျီအသင်းသည် တစ်ယောက်လျော့ဖြင့် သရေကစား နိုင်ခဲ့ပြီး အဝေးဂိုးစည်းမျဉ်းအရ ချန်ပီယံလိဂ် ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဝေဘုန်းလူ - mizzima

မှတ်ချက်များ