သင်္ကြန်ပိတ်ရက်တွင် နေရပ်ပြန်မည့် နယ်ဝေးခရီးစဉ် များအတွက် အဝေးပြေးကား လက်မှတ်ခ နှုန်းထား များကို တစ် လခန့်အလိုမှစ၍ ကြိုတင် ဈေးတင်ရောင်းချနေကြောင်း သတင်းရရှိသည်။
သင်္ကြန်ပိတ်ရက် မတိုင်မီ အဝေးပြေး ခရီးစဉ်များအတွက် ယာဉ်လိုင်းအချို့မှာ ဈေးနှုန်း တိုးမြှင့်တောင်းယူမှု များ ပြုလုပ်နေပြီဟု ကြိုတင် လက်မှတ်ဖြတ်ယူထားသည့် ခရီးသွားများက ပြောသည်။
‘‘ကြိုတင်လက်မှတ် သွား ၀ယ်တာ ပုံမှန်ဈေးနှုန်းထက် ငါး ထောင်လောက် ဈေးတင်ထား တာ ကြုံခဲ့ရတယ်။ တချို့လိုင်း တွေဆို ဒီထက်ပိုတယ်လို့ သိရ တယ်’’ ဟု ချောက်မြို့သို့ ပြန်ရန် ကြိုတင်လက်မှတ်ဖြတ်ခဲ့သည့် ခရီးသွားတစ်ဦးက ပြောသည်။
အဝေးပြေးယာဉ်လိုင်းအချို့ မှာ ဧပြီ ၅ ရက်အထိသာ ပုံမှန် ယာဉ်စီးခနှုန်းထားအတိုင်း ရောင်း ချပြီး နောက် ပိုင်းရက်များကိုမူ ထိုသို့ဈေးမြှင့်ရောင်းချမှုများ ပြု လုပ်လာကြခြင်းဖြစ်ပြီး အချို့မှာ ရောင်းချခြင်းမရှိသေးဘဲ အခြေ အနေကို စောင့်ကြည့်နေသည်ဟု ခရီးသွားများထံမှ စုံစမ်းသိရ သည်။
‘‘ဧပြီ ၅ ရက် နောက်ပိုင်းအ တွက် လက်မှတ်သွားဖြတ်တော့ ချောက်ကို ပုံမှန်ကျပ် ၁၀,၅၀၀ က နေ ၈ ရက်နေ့အထိကို ၁၂,၅၀၀ ကျပ်၊ ၈ ရက်နောက်ပိုင်းကို ကျပ် ၁၅,၅၀၀ ဆိုပြီး တောင်းတယ်။ ကျောက်ပန်းတောင်းပြန်မယ့်သူ တစ်ယောက်ဆိုရင် သူသွားဖြတ် တဲ့ ဂိတ်က မရောင်းသေးဘူး။ အဲဒီအချိန်ကျရင် ဈေးနှုန်းကျပ် ရှစ်ထောင်လောက် တင်မယ့်သ ဘောရှိတယ်လို့ သိခဲ့ရတယ်’’ဟု နည်းပညာ ကုမ္ပဏီတစ်ခုမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက လက်မှတ်ဖြတ်စဉ် ကြုံတွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ပြောပြ သည်။
သင်္ကြန်ရုံးပိတ်ရက်တွင် နိုင်ငံတစ်ဝန်း ခရီးသွားမှုအပေါ် အ ခွင့်ကောင်းယူ၍ ယာဉ်လိုင်းအချို့ ၏ ယာဉ်စီးခ ပိုမိုတောင်းယူခြင်း ကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး ထိ ရောက်စွာ အရေးယူထိန်းသိမ်း နိုင်ခြင်း မရှိသေးပေ။
ယခင်နှစ်များက စက်သုံးဆီ ဈေးကြီးမြင့်ခြင်းကြောင့် ယာဉ်စီး ခနှုန်းထားကို တိုးမြှင့်ကောက်ခံရ သည်ဟု အကြောင်းပြချက်များ ရှိ ခဲ့ပြီး ယခုနှစ်တွင် စက်သုံးဆီဈေး နှုန်း ကျဆင်းနေသည့်အတွက် ယာဉ်စီးခတိုးမြှင့်
တောင်းယူခြင်း မှာ သဘာဝမကျကြောင်း စွမ်း အင်ဝန်ကြီးဌာနမှ အငြိမ်းစားအ ရာရှိ ဦးမင်းဇော်က ပြော သည်။
‘‘ကျွန်တော်တို့ လိုင်းက တော့ ပုံမှန်ဈေးပါပဲ။ ဂိတ်နာမည် ပျက်မှာစိုးလို့ ဒါမျိုးလုပ်မှာမဟုတ် ဘူး။ ခရီးသည်များရင် ကားထပ် တိုးဆွဲပေးဖို့တောင် လုပ်နေတယ်’’ ဟု မန္တလာမင်းဂိတ်တာဝန်ခံတစ် ဦးက ပြောသည်။
မော်တော်ယာဉ်လိုင်းပေါင်း စုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအနေဖြင့်လည်း သင်္ကြန် ကို အကြောင်းပြု၍ ယာဉ်စီးခ နှုန်းထားများ တိုးမြှင့်တောင်းယူ ခြင်းမပြုလုပ်ရန် နှစ်စဉ်သတိပေး မှုများ ပြုလုပ်နေရပြီး ယခုနှစ်အ တွက်လည်း မတ်လဆန်းက တည်းက စာထုတ်သတိပေးကြေ ညာထားကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
‘‘သတိပေးထားပြီးပြီ။ နှစ် တိုင်းလည်း တိုင်ကြားချက်တွေ အပေါ် စိစစ်အရေးယူခဲ့တာတွေ ရှိခဲ့တယ်။ တချို့ဂိတ်တွေက လက်မှတ်ထဲမှာ ရေးသွင်းတဲ့ ဈေးက တစ်မျိုး၊ တကယ်တောင်းယူတဲ့ ဈေးကတစ်မျိုး ဆိုတော့ အရေးယူ မယ်ဆို တော်တော်ခက်တာမျိုး တွေရှိတယ်’’ ဟု ၎င်းက ပြော သည်။
ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခပိုမိုတောင်းယူပါက ယာဉ်လိုင်းပိတ်အရေးယူသည်အ ထိပြုလုပ်မည်ဟု ကြိုတင် သတိ ပေး အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။
မိုးမင်း - 7day

မှတ်ချက်များ