တစ်နေ့မှာ သူဌေးမတစ်ယောက်က ခွေးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်တယ်။ လမ်းမှာ တောင်းရမ်းသူ တစ်ယောက်နဲ့ဆုံတော့ သူဌေးမက မောက်မောက်မာမာနဲ့ “ငါ့ခွေးကို အဖေလို့တစ်ခွန်းခေါ်ရင် နင့်ကိုတစ် ရာပေးမယ်”လို့ ဆိုတယ်။ တောင်းရမ်းသူက “ငါ ဆယ်ခွန်းခေါ်ရင်ရော…” လို့ဆိုတော့ သူဌေးမက ဝမ်းသာ အားရနဲ့ “တစ်ထောင်ပေးမယ်”လို့ပြောတယ်။
တောင်းရမ်းသူက ခွေးကိုကြည့်ပြီး “အဖေ.. အဖေ”လို့ ဆယ်ခွန်းအော်လိုက်တယ်။ သူဌေးမ ငွေတစ်ထောင် ထုတ်ပြီး ပေးလိုက်တယ်။ ငွေတစ်ထောင်ကိုလက်ခံရင်း တောင်းရမ်းသူက သူဌေးမကိုပြောလိုက်တယ်..
“ကျေးဇူးတင်ပါတယ် အမေ… ကျေးဇူးတင်ပါတယ် အမေရယ်” တဲ့။
(၂)
ဖခင်တစ်ဦးက ၄နှစ်သမီးလေးနဲ့ စကားပြောနေကြတယ်။ ဖခင်က “ဆိုပါစို့…ဖေဖေတို့ ဝက်တစ်ကောင်
မွေးကြမယ်။ အလုပ်တွေကို ခွဲတမ်းချမယ်။ တစ်ယောက်က နေ့တိုင်း ဝက်စာကျွေးရမယ်။ တစ်ယောက်က ဝက်လှောင်အိမ်ကို သန့်ရှင်းရေးလုပ်ရမယ်။ တစ်ယောက်က ဝက်ကိုနေ့တိုင်းရေချိုးပေးရမယ်။ တစ်ယောက်က ဝက်နဲ့ နေ့တိုင်းဆော့ကစားရမယ်ဆိုရင် သမီးက ဘာကိုလုပ်ချင်သလဲ” လို့မေးတော့ သမီးက စဉ်းတောင်မစဉ်းစားဘဲ ချက်ချင်းဖြေပါတယ်။
“သမီး ဝက်လုပ်မယ် ဖေဖေ”
ပြုံးပျော်ရယ်မောနိုင်ပါစေ.. ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ
“သမီး ဝက်လုပ်မယ် ဖေဖေ”
ပြုံးပျော်ရယ်မောနိုင်ပါစေ.. ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ

မှတ်ချက်များ