ယူကရိန်းကို အမေရိကန်စစ်ရေးအကူအညီ ပေးမည်
ယူကရိန်းနိုင်ငံကို လူမသေစေတဲ့ စစ်ရေးအကူအညီတွေ ထပ်ပေးဖို့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဆွေးနွေးပြီး ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ရုံးဝက်ဆိုဒ်မှာ ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့က ရေးသားအ တည်ပြုထားပါတယ်။
အခုလို စစ်ရေးအကူအညီတွေကို နောက်ထပ်အမေရိကန်ဒေါ်လာ ၇၅ သန်းဖိုး ထပ်ပေးမယ်ဖို့ သမ္မတ အိမ်ဖြူတော်ကလည်း ကြေညာခဲ့ပြီး တချိန် ထဲမှာ ယူကရိန်းခွဲထွက်ရေးသူပုန်တွေကို အမေရိကန်နိုင်ငံက ထပ်မံ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်ထောက်ပံ့ ပစ္စည်းတွေထဲမှာ စစ်သုံးဆက်သွယ်ရေးပစ္စည်းတွေ၊ ဒရုန်း ထောက်လှမ်းရေး လေယာဉ်တွေ၊ ဒုံးကျည်ထောက်လှမ်းရေး ရဒါစနစ်တွေ၊ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ဆေးရုံသုံးပစ္စည်းတွေ ပါဝင်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက နေ့စဉ် သတင်းရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
အမေရိကန်သမ္မတ အိုဘားမားကလည်း လွှတ်တော်ရဲ့ အတည်ပြုမှုနဲ့ လက်နက်အပြည့်အစုံ တပ်ဆင် ထားတဲ့ ဟမ်းဗီကားအစီး ၃၀ နဲ့ လက်နက်မပါ အလွတ်ဟမ်းဗီး အစီး ၂၀၀ ပေးပို့ဖို့လည်း သဘောတူ ထားပြီး ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်လွှတ်တော်အမတ် ရွန်းနေ ဖရီလင်ဟွေဆင် ဦးဆောင်တဲ့အ ဖွဲ့နဲ့ သမ္မတ ပိုရိုရှန်ကိုတို့ မတ် ၁၂ ရက်နေ့က တွေ့ဆုံကြပြီး ယူကရိန်း ပြုပြင်ပြောင်းလဲရေးကို အားပေး
ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနဲ့ အခု မတ်လအတွင်းက သဘောတူ လက်မှတ်ရေးထိုး ထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ကြိုကြားကြိုကြားတိုက်ပွဲတွေ ဖြစ်ပွားနေပြီး အပြည့်အ၀ လိုက် နာခြင်းမရှိဘူးလို့ သိရပါတယ်။
DVB



မှတ်ချက်များ