အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သပိတ်ကတော့ မတ်လ ၁၀ ရက်နေ့မှာ စစ်အရေခွံလဲ အစိုးရရဲ့ ရက်ရက်စက်စက်အကြမ်းဖက် နှိမ်နင်းခံ လိုက်ပါပြီ။
တက္ကသိုလ် အသီးသီးက သမဂ္ဂတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း မူကြမ်းအဆင့်ကစပြီး ကျောင်းသားကျောင်းသူတွေရဲ့ စစ်မှန်တဲ့ လွပ်လပ်ခွင့်၊ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးကို သင်ကြားခွင့်၊ တက္ကသိုလ်တခုချင်းစီက ကိုယ့် တက္ကသိုလ်ရဲ့ သင်ရိုးနဲ့ သင်ကြား နည်းစနစ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့် စတဲ့ အရေးကြီးတဲ့ ဒီမိုကရေစီ ပညာရေး အခြေခံမူတွေကိုကိုပါ ထည့်သွင်းဖို့တောင်းဆို ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒါက ပညာရေးဥပဒေ မူကြမ်းအဆင့်ကတည်းကပါ။
ဒါပေမယ့် အဲဒီလိုဝိုင်းပြီး ကန့်ကွက်ဆန့်ကျင်နေတဲ့ကြားပဲ အဲဒီအမျိုးသားပညာရေး ဥပဒေ ဆိုတာကြီးကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါကြောင့်လည်း တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ဦးဆောင်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကြီးတွေ သက်ဆိုင်ရာဒေသ အသီးသီးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြကြတဲ့ အထိ ဖြစ်လာခဲ့တာပါပဲ။ အစပိုင်းမှာကတည်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတွေ ပညာရှင်တွေရဲ့ဆန္ဒ သဘောကို အလေးအနက်ထား လက်ခံစဉ်းစားပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ခုအဖြစ်မျိုးနဲ့ ကြုံတွေ့စရာ အကြောင်းရှိမယ်မဟုတ်ဘူးဆိုတာသေချာပါတယ်။
စစ်အရေခွံလဲ အစိုးရက စကတည်းက မရိုးသားခဲ့ပါဘူး။ တွေ့ဆုံဆွေးနွေးမယ်လို့ စပြီးကမ်းလှမ်းလက် ခံလိုက်တာကလည်း တတိုင်းပြည်လုံးက ပြည်သူလူထုကြီးရဲ့ တခဲနက်ထောက်ခံမှုကို ရလာတဲ့ ကျောင်း သားသပိတ်ကို ရပ်ပစ်ဖို့၊ ပြိုကွဲသွားဖို့ အပြသဘောလက်ခံလိုက်တာဆိုတာ ရှင်းပါတယ်။ ကျောင်းသားတွေကို ကန့်သတ်တားဆီးမှုတွေ အမျိုးမျိုးလုပ်လာခဲ့ပြီး အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်း လဲရေးကို အချိန်ဆွဲပြီး ကျောင်းသားတွေ တောင်းဆိုထားချက်တွေကို ဘာမှရေရေရာရာ အာမခံချက်မပေးခဲ့ တဲ့အပြင် မဖြစ်နိုင်တဲ့ အခြေအနေတွေကိုပါ ပြောဆိုလာခဲ့တော့ ကျောင်းသားတွေက သူတို့မူလ ဦးတည် ရည်ရွယ်ချက်အတိုင်း ဆက်ပြီးကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒီအချိန်မှာ စစ်အစိုးရက အကောက်ကျစ်ဆုံးနည်းကိုသုံးပြီး ထောက်ခံဆန္ဒပြကြသူတွေကို အကြမ်းဖက်နှိမ် နင်းခဲ့ပါတယ်။ ဒါကတော့ စွမ်းအားရှင်လို့ သူတို့ခေါ်တဲ့ လူဆိုးလူမိုက်လူရမ်းကား (Thug) တွေကို သုံးပြီး ရိုက်နှက် နှိမ်နင်းခိုင်းခဲ့တာပါပဲ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥဒေပုဒ်မ ၁၂၇ နဲ့ ၁၂၈ အရ ဥပဒေအရ လုပ်တာဖြစ် တယ်လို့ အရှက်မရှိ လိုရာဆွဲပြီး ဇွတ်ဥပဒေနဲ့ ညီညွတ် ကြောင်း ပြောခဲ့ပေမယ့် ဥပဒေပညာရှင်တွေ ကတော့ ဒီလိုအခြေအနေအတွက် သုံးရမှာ မဟုတ်တဲ့ အကြောင်း၊ နယ်ချဲ့အင်္ဂလိပ်ခေတ်ကတောင် အဲဒီလိုမလုပ်ခဲ့တဲ့အကြောင်း တုံ့ပြန်ဖြေရှင်းခဲ့ကြပါတယ်။
လူ့အခွင့်အရေးရှေ့နေကြီး ရောဘတ် စန်းအောင်က…. ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ ရှေ့ဆုံးက ပေးထားတာက တရားသူကြီးဗျ၊။ တရားသူကြီးမရှိမှ ဒုရဲအုပ်နဲ့ ဒုရဲအုပ်အောက် မနိမ့်တဲ့ ပုဂ္ဂိုလ်က လုပ်ရမှာ။ အဲဒီနေ့က တရားသူကြီး မပါဘူး။ နောက်တချက် အကူအညီ ယူနိုင်တယ်သာပြောတာ အခုဟာက အကူအညီယူတာ မဟုတ်ဘူး။ လက်ပတ်တွေ ဘာတွေနဲ့ ကြိုတင်ကြံစည်ပြီးတော့ ပြဿ နာ ရှာမယ်ဆိုတဲ့ သဘောပေါ်ပေါက်နေတယ်။ အမျိုးသမီးကို အမျိုးသမီးရဲနဲ့ပဲ ဖမ်းရမယ်။ ဒါကို အရပ်သားအမျိုး သားတွေက ရုပ်ပျက်ဆင်းပျက် ဖက်သိုင်းပြီးတော့ ဖမ်းသွားတယ်ဆိုတာကတော့ ယဉ်ကျေးမှုကို ဆန့်ကျင်စော်ကား ဖမ်းဆီးမှု ဖြစ်တယ်။ တာဝန်ဆိုတဲ့ လက်ပတ်တွေနဲ့ ကြိုတင်ပြီး စုဆောင်းထားတဲ့ စွမ်းအားရှင်၊ မိဘပြည်သူ စတဲ့ ခေါင်းစဉ်အမျိုးမျိုး ဘယ်လို တပ်တပ် အကြမ်းဖက်အဖွဲ့အစည်းတွေကို ဥပဒေအရ ခွင့်ပြုလို့ မရဘူး။ ဥပဒေမဲ့ လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။”
ခုနောက်ဆုံးလက်ပံတန်းမှာ ရန်ကုန်ကိုချီတက်ကြမယ့် ကျောင်းသားကျောင်းသူတွေကို ၄ ပွင့်ဆိုင်တွေ့ဆုံ
ဆွေးနွေးသဘောတူညီချက်တွေကို ဖောက်ဖျက်ပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးလိုက်တာကတော့ အဆိုးဆုံးလူ့အခွင့်အရေး ချိုးဖောက်မှု ရာဇ၀တ်ပြစ်မှု ကြီးဖြစ်ခဲ့ပါပြီ။ ခွင့်လွှတ်လို့မရတဲ့ သမိုင်းအမည်း စက်ကြီးတခုလို့ဆိုရမှာပါပဲ။ အကြမ်းဖက်ရိုက်နှက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ရိုက်နှက်ပုံကို ကြည့်ရင် သပိတ်ကို ပြိုကွဲသွားရုံ ဖမ်းဆီးနိုင်ရုံမဟုတ်ဘဲ အုပ်စုနဲ့ အပြင်းအထန် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ အငြိုးတကြီးရိုက်နှက်တာအပြင် လူမရိုက်ရလို့ သက်မဲ့မော်တော်ယာဉ်တွေ၊ လူနာတင် ယာဉ်တွေကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့တာကိုကြည့်ရင် ရဲတပ်ဖွဲ့ဝင်ဆိုသူတွေကို ဘယ်လို အမိန့်ပေးစေခိုင်းထား တယ်ဆိုတာ တွေ့နိုင်ပါတယ်။ အစိုးရတရပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တဲ့ ရာဇ၀တ်ပြစ်မှုတခုဆိုတာ ကတော့ မြင်သာထင်ရှားဖြစ်နေပါပြီ။
အကြမ်းဖက်ဖြေရှင်းဖြိုခွဲခံလိုက်ရတဲ့ ကျောင်းသားတွေက မှန်ပါတယ်။ အစိုးရက မှားပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ပြန်လည်ရယူနိုင်ဖို့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူအပြစ်ပေးမှုတွေကို မလွှဲမသွေ ပြုလုပ်ရပါမယ်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူ အားလုံးတညီတညွတ်တည်း ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ တိုက်ပွဲခေါ်လိုက်ပါကြောင်း။
စိုးနေလင်း - DVB
အကြမ်းဖက်ဖြေရှင်းဖြိုခွဲခံလိုက်ရတဲ့ ကျောင်းသားတွေက မှန်ပါတယ်။ အစိုးရက မှားပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ပြန်လည်ရယူနိုင်ဖို့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူအပြစ်ပေးမှုတွေကို မလွှဲမသွေ ပြုလုပ်ရပါမယ်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူ အားလုံးတညီတညွတ်တည်း ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ တိုက်ပွဲခေါ်လိုက်ပါကြောင်း။
စိုးနေလင်း - DVB
.jpg)


မှတ်ချက်များ