ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်း အပိုင် ရန်ကုန်-ပဲခူးကားလမ်း မိုင်တိုင်အမှတ် (၄၆/၁)လမ်းလယ်ကျွန်း အမှတ်(ဝ၅၇)တွင် မတ် ၁၄ ရက် ညနေပိုင်းက မြန်စတားစက်ရုံမှ ပဲခူးမြို့တွင်းသို့ ယာဉ်မောင်း ငြိမ်းချမ်း
မောင်းနှင်လာသည့် ၇က/.... ဒေဝူး(ကပရ) အဖြူရောင်ယာဉ်မှာ စက်ရုံအလုပ်သမားများဆင်းရန် အလယ် ကျွန်းနံဘေးသို့ ကပ်ကာ ရပ်လိုက်စဉ် ၎င်း၏နောက်မှလားရာတူ အင်းလေး ရှူးဖိနပ်စက်ရုံဘက်မှ ဖြိုးဝေ (၃ဝ)နှစ် နယ်မြေ(၈) ဥဿာ မြို့သစ်နေသူ မောင်းနှင်လာသည့် 3B/.....မှန်လုံယာဉ်က အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်ပေါ်မှဆင်းလာသည့် မအေးအေးမာ (၃၃)နှစ် သီးသန့် (၂၄) ဥဿာမြို့သစ် (၈) ရပ်ကွက်နေသူအား တိုက်မိခဲ့ရာ ဦးခေါင်းကွဲကြေ၊ ဗိုက်ပွင့်ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့သဖြင့် ပဲခူးမြို့ အမှတ်(၃)ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အောင်ကြီး(ပဲခူး) - The Mirror Daily
အောင်ကြီး(ပဲခူး) - The Mirror Daily
.jpg)
မှတ်ချက်များ