မန်စီးတီးမှ ထွက်ခွာပြီး အင်တာမီလန်သို့ ပြောင်းရွှေ့ရန် ဂျိုဗီတစ် အသင့်ရှိနေ


စတီဗင်ဂျိုဗီတင်သည် မန်ချက်စတာစီးတီးမှ ထွက်ခွာရန် အသင့်ရှိနေပြီး အင်တာမီလန်တွင် ရော်ဘတ်တို မန်စီနီနှင့် လက်တွဲဖွယ်ရှိကြောင်း Goal မှ ဖော်ပြခဲ့သည်။

ဇန်နဝါရီလက ပရီးမီးယားလိဂ် ချန်ပီယံအသင်းသို့ ဝီလ်ဖရိုင်းဘိုနီ ရောက်ရှိလာပြီးနောက် စတုတ္ထဦးစားပေး ကစားသမား ဖြစ်လာခဲ့သည့် ဂျိုဗီတစ်သည် ပုံမှန်ပွဲကစားခွင့် ရရှိရန် ဆန္ဒရှိနေကြောင်း သိရသည်။

မန်စီနီသည် အဆိုပါ မွန်တီနီဂရို ကစားသမားကို ၎င်း ဖီအိုရင်တီးနားတွင် ကစားခဲ့စဉ်က ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသူ ဖြစ်သည်။

ထို့နောက် ဂျိုဗီတစ်သည် ၎င်းကို ယူရို ၁၇ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည့် အင်တာမီလန်သို့ ပြောင်းရွှေ့ရန် အသင့်ရှိနေသော်လည်း မန်စီးတီးကမူ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအတွက် ယူရို ၂၅ သန်း ရယူလိုကြောင်း သိရသည်။

ဂျိုဗီတင်ကို အင်တာမီလန်အပြင် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းကပါ စိတ်ဝင်စာေးနကြောင်း Goal မှ ဖော်ပြခဲ့သည်။

Soccer Myanmar

မှတ်ချက်များ