စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အသတ်ခံရမှု ပြည်တွင်းစစ်ဆေးချက် ရလဒ်မရရှိပါက နိုင်ငံတကာအကူအညီတောင်းဆိုမည်


ရှမ်းပြည်နယ်မြောက်ပိုင်း ဘုရားကျောင်းဝင်းအတွင်း အဓမ္မကျင့်အသတ်ခံရသည့် စေတနာ့ဝန်ထမ်း ဆရာ မနှစ်ဦး၏ အမှုမှန် ပေါ်ပေါက်လာစေရန် ပြည်တွင်းတွင် စစ်ဆေးသည့် စစ် ဆေးချက် ရလဒ်မရရှိပါက နိုင်ငံ တကာ ပညာရှင်များကို အကူအ ညီ တောင်းခံမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ ချုပ်အတွင်း
ရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။

‘‘ကျွန်တော်တို့က နိုင်ငံတ ကာအဆင့်ကိုရောက်ဖို့ ခြေလှမ်း ပြင်ထားတယ်။ လောလောဆယ် တော့ အမေရိကန်နဲ့ ဗြိတိန်ကို စာပို့ထားတယ်’’ ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်ကဆိုသည်။ယခုရက်ပိုင်းအ တွင်း ကချင် ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် ဥရောပသမဂ္ဂ (EU) အဖွဲ့ကိုလည်း ကူညီပေးရန် တောင်းဆိုထားသည်ဟုဆိုသည်။

အစိုးရအဖွဲ့၏ စစ်ဆေးချက်များသည် ရွာမှ ဒေသခံလူငယ်နှစ်ဦးအပေါ် သံသယရှိကြောင်း ပြောဆိုထားပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ကလည်း ထိုလူငယ်နှစ်ဦးမှာ ယခုအမှုတွင် လုံးဝပါဝင်ပတ်သက်မှုမရှိနိုင်
ကြောင်း ထုတ်ပြန်ထားသည်။

အမှုစစ်ဆေးရာတွင် အခင်း ဖြစ်ပွားရာနေရာ၌ ရှိနေသည့် စစ် ကြောင်းမှူး တာဝန်ရှိသူများက ဖြေကြားခြင်း မရှိဘဲ နောက်တစ် နေ့မှ ရောက်လာသည့် ဗျူဟာမှူး က တာဝန်ယူဖြေရှင်းနေခြင်းမှာလည်း အားရစရာမ ရှိကြောင်း ဒေါက်တာဆမ်ဆွန်ကဆိုသည်။
၂၀၁၅ ဇန်န၀ါရီ ၁၉ ရက် ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် ဆရာမနှစ်ဦး အသတ်ခံခဲ့ရပြီး နှစ်လခန့်ကြာချိန်အထိ ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

7Day

မှတ်ချက်များ