Fast & Furious 7 ဇာတ်ကား ဝင်ငွေစံချိန်ချိုးနေ
Fast & Furious 7 ဇာတ်ကားကို စတင်ရုံတင်ဖြန့်ချီတဲ့ ပထမအပတ်မှာတင်ပဲ အမေရိကန်ဒေါ်လာ ၃၈၄ သန်းဝင်ငွေရရှိခဲ့ပါတယ်။ အမေရိကမှာလည်း ထိပ်ဆုံးက ဝင်ငွေအများဆုံး ရရှိနေတဲ့ဇာတ်ကားဖြစ်ပြီး ဒေါ်လာ ၁၄၃.၆ သန်းဝင်ငွေရရှိထားပါတယ်။
Captain America ဇာတ်ကားကို ရုံစတင်တဲ့ ပထမအပတ်တုန်းက အမေရိကမှာ ၉၅ သန်းသာ ဝင်ငွေရရှိခဲ့တာကြောင့် အခု Fast & Furious 7 ဇာတ်ကားဟာ ဝင်ငွေစံချိန်ချိုးသွားခဲ့ပါတယ်။ အခုအခါ ရုပ်ရှင်သမိုင်းတလျှောက်လုံးရဲ့ အဖွင့်ပွဲဝင်ငွေကောင်းမှုနေရာမှာ နံပတ် ကိုးနေရာရောက်လာခဲ့ပြီဖြစ်ပါ တယ်။ လက်ရှိမှာ အောင်မြင်နေတဲ့အတွက် မကြာခင်မှာ စံချိန်တွေ ထပ်ချိုးဦးမယ်လို့ ယူဆရပါတယ်။ မင်းသားပေါလ်ဝေါ်ကာဟာ ဇာတ်ကားရိုက်နေစဉ်အတွင်း အပြင်မှာမတော်တဆမှုနဲ့ သေဆုံးခဲ့ရတဲ့အ တွက်လည်း သူပါဝင်ထားတဲ့ ဒီကားအပေါ် ပရိသတ်တွေ ပိုပြီးစိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။
ဇာတ်ကားစတင်ဖြန့်ချီတဲ့ ပထမအပတ်ထဲမှာပဲ နိုင်ငံပေါင်း ၆၃ နိုင်ငံက ရုပ်ရှင်ရုံပေါင်း တစ်သောင်းကျော်မှာ စတင်ပြသခဲ့တာဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်ကားနှစ်ကားနဲ့ The Avengers ဇာတ်ကားပြီးရင် ဒီကားက ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်နေပါတယ်။
Planet Myanmar

မှတ်ချက်များ