မက်ဆီကို ၀ယ်ဖို့ ပိုက်ဆံထုတ်ပေးချင်တဲ့ ရော်နယ်ဒို
ဘရာဇီးဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက သူ လက်ရှိကစားနေတဲ့ ဖလော်ရီဒါအခြေစိုက် ဖောင့်လူဒါဒယ် စထရိုက်ကာစ် ဘောလုံးအသင်းကို ဘာစီလိုနာက မက်ဆီ ပြောင်းလာဖို့ အိတ်ထဲက ကိုယ်ပိုင်ငွေ
စိုက်ထုတ် ပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲမှာ ကစား နေတာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း
ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးပြီး လက်ရှိကစားနေတဲ့ အမေရိကန် ဒုတိယ တန်းကလပ် ဖောင့်လူဒါဒယ်အသင်းမှာ ရှယ်ယာအချို့ ထည့်ဝင်ထားပါတယ်။
“ မက်ဆီက ဘာစီလိုနာကနေ ခေါ်ယူနိုင်ဖို့ ကျွန်တော့်အိတ်ထဲက ငွေတွေကို သုံးစွဲဖို့ အဆင်သင့်ပါပဲ။ ကောင်းကင်ပြင်ဟာ လက်ရှိမှာတော့ လူဒါဒယ်အသင်းအတွက် အကန့်အသတ် ရှိနေပါသေးတယ်။
ဒါပေမယ့် တချိန်ချိန်မှာ ကျွန်တော်တို့အသင်း တောက်ပခမ်းနားလာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် မက်ဆီ အပြင် စီရော်နယ်ဒိုကိုတောင် မခေါ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အမေရိကဟာ လက်ရှိ မှာ ဘောလုံးအားကစား အလျင်မြန်ဆုံး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေ ပါတယ်။ ပထမ ဆုံးမှာ ရပ်တည်နေတာက တရုတ်နိုင်ငံပါ။ ကမ္ဘာ့အဆင့်မီ လူနေထိုင်မှုတွေ ပေးစွမ်းနိုင်တဲ့ ဖလော်ရီဒါ တောင်ပိုင်းမှာ နာမည်ကျော် ဘောလုံးသမားတွေ လာကစားချင်မယ့် အချိန်ကို ရောက်လာဦးမှာပါ” လို့ ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ