သင့်ရဲ့ Android ဖုန်းအိပ်မက်တွေကို ကူညီရွေးချယ်ပေးမယ့် Google Website သစ်


ယနေ့ခေတ် ဈေးကွက်ထဲမှာ Android ဖုန်းပေါင်း မြောက်များစွာရှိပါတယ်။ အဲ့ဒီ့အတွက် ဖုန်းအသစ် တစ်လုံးဝယ်မယ်ဆိုရင် ဘာကိုရွေးချယ်လို့ ရွေးချယ်ရမှန်း မသိတော့တာမျိုး ဖြစ်တတ်ပါတယ်။ HTCက အသစ်ထွက်ရှိတဲ့ M9 ဟာ ကောင်းတယ်ဆိုပေမယ့် M8 ထက်အဆင့်မြင့်လာရုံနဲ့ လုံလောက်ပါပြီလား။ LG G4 ကို သင်နှစ်သက်ကောင်းနှစ်သက်နိုင်ပါတယ်။ သားရေထည်ဖုန်းနဲ့ နှစ်နှစ်လုံးလုံး နေနိုင်ပါ့မလား။ သားရေထည် နောက်ခံမပါတဲ့ G4 ကိုရော ယူပါဦးမလား။

ကိုယ်နဲ့ ကိုက်ညီမယ့် Android ဖုန်းတစ်လုံးကို ရွေးချယ်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ သင့်အတွက် လွယ်ကူအဆင်ပြေအောင် Google Website သစ်တစ်ခုက ကူညီရွေးချယ်ပေးပါလိမ့်မယ်။www.android.com/phones/whichphone ပဲဖြစ်ပါတယ်။

Google ရဲ့ Website သစ်မှာ မတူညီတဲ့ အတန်းအစား ၁၂ခုကို ရွေးချယ်ရမှဖြစ်ပြီး အဲ့ဒီ့ကတဆင့် သင်ဘယ်လိုဖုန်းကို မျှော်မှန်းနေတယ်ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ ဓာတ်ပုံရိုက်ကောင်းတာလား၊ သီချင်းနားထောင်ကောင်းတာလား၊ လေ့ကျင့်ခန်းလုပ်ရကောင်းတာလား၊ စတာမျိုးပေါ့။ လေ့ကျင့်ခန်းလုပ်ကောင်းတာမျိုးဆိုရင်လည်း သင့်ရဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ဘယ်နှစ်ကြိမ် ခြေရာခံစေချင်တာလဲဆိုတာက အစ ရွေးချယ်ပေးနိုင်ပါတယ်။

အနည်းဆုံး အတန်းအစား ၃ခုလောက် ရွေးချယ်ပေးပြီးပြီဆိုရင် “ဖုန်းများ ပြပေးပါ” ကိုနှိပ်ကာ ဖုန်းတွေပေါ်လာမှာဖြစ်ပါတယ်။ အဲဒီ့ကတဆင့် မျက်နှာပြင်အရွယ်အစား၊ ဈေးနှုန်းနဲ့ ထွက်ရှိခဲ့တဲ့နေ့စွဲ စတာတွေကို ထပ်မံရွေးချယ်နိုင်ပါသေးတယ်။

Skyler - Trend Myanmar

မှတ်ချက်များ