မစ္စတာကာမာနီသည် ဘရတ်ဖို့ဒ်မြို့မှ တရားဟောဆရာတစ်ဦး ဖြစ်ပြီး လက်ရှိအချိန်တွင် ဗြိတိန်တစ်လွှားသို့လှည့်လည်ကာ အစ္စလာမ်ဘာသာဝင် လူငယ်များ IS အဖွဲ့အတွင်းသို့ဝင်ရောက်ခြင်းမှတားဆီးနိုင်ရန် ဟောပြောလျက်ရှိသည်။ ၄င်းသည်ငယ်စဉ်ကအစွန်းရောက် အစ္စလာမ်တစ်ဦးဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရင့်ကျက်သည့် အတွေးအခေါ်နှင့်စိတ်ထားသည်သာ အဓိကဖြစ်ကြောင်း ဟောပြောလျက်ရှိသည်။
''မွတ်စလင်လူငယ်တွေဟာ အခြားသောဥရောပနိုင်ငံသားလူငယ်တွေလို သူ တို့ရဲ့ သွေးသားဆန္ဒဆိုင်ရာ ပြောဆိုပြုမူခံစားမှုတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့မွတ်စလင် မိသားစုဝင်တွေကြားထဲမှာ အမြဲတမ်းခက်ခဲနေခဲ့ပါ တယ်။ အဲဒါဟာသူတို့ကို ဒေါသနှင့်စိတ်အချဉ်ပေါက်မှုဆီရောက်ရှိသွားစေပြီး သွေးသားဆန္ဒအဆင်ပြေဖို့ အတွက် ထွက်ပေါက်အနေနှင့် IS အဖွဲ့ထဲကိုဝင်သွားကြတာပါ။ တခြားအကြောင်းပြချက်မရှိပါဘူး။ မိန်းကလေးလိုချင်လို့ဝင်သွားကြတာပါ။ ဒီလောက်ပါပဲ။ ကျွန်တော့်မိန်းမ ကတော့ အခုလိုပြောလို့ ပယ်ပယ်နယ်နယ် ဝေဖန်ခံရနိုင်တယ်လို့ ကျွန်တော့်ကိုပြောပါတယ်။ ဒါပေမယ့် ပြောရမှာပါပဲ။ သူတို့ လုပ်သမျှအားလုံးဟာ လိင်ကိစ္စအတွက်ပါ'' ဟု မစ္စတာကာမာနီက ITV ရုပ်သံ လိုင်းတွင်ပြောသည်။ IS အဖွဲ့သည် ဖမ်းဆီးခဲ့သည့် ရာဇီဒစ်လူမျိုးအမျိုးသမီးများစွာကို လိင်ကျွန်အဖြစ် ၄င်းတို့၏တပ်ဖွဲ့ ဝင်များထံ ရောင်းချခဲ့ကြသည်။
The Union Daily

မှတ်ချက်များ