![]() |
| ဓာတ်ပုံ- နစ်ကီ |
ရန်ကုန် တိုင်းဒေသကြီး နယ်/လုံ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့်တွေ့ဆုံ ကတိပေးခဲ့သည်ဟုဆိုသည်။
ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးတို့သည် ဇွန်လ၂၀ရက် ညနေက တွေ့ဆုံခဲ့စဉ် ဝန်ကြီးက ထိုသို့ကတိပြုခဲ့ကြောင်းသတင်းရရှိသည်။
"သူတို့ကိုအချိန်ပေးပါဆိုပြီး စီမံကိန်းကို လုံးဝရပ်သွားဖို့လုပ်ပေးပါ့မယ်တဲ့။ ဦးပဉ္စင်းတို့ဘက်က ၁၅ ရက်စောင့်ကြည့်မယ်။ ဖြစ်မလာဘူးဆိုရင်ကန့်ကွက်မှုတွေပြန်လုပ်သွားမယ်"ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးအကုင်္ရက မိန့်ကြားသည်။
စီမံကိန်းနှင့် ပတ်သက်၍ ဒဂုံစီးတီး(၁) စီမံကိန်းဘက်က စီမံကိန်းမှာ အမှန်တကယ်တွင် ရွှေတိဂုံစေတီတော်ကို မည်သို့မျှမထိခိုက်နိုင်ကြောင်း အချက်အလက်များဖြင့်ရှင်းပြထားသည့် ရုပ်သံမှတ်တမ်းတစ်ခုကို မကြာသေးမီက ထုတ်ပြန်ထားသည်။
7day daily

မှတ်ချက်များ