သမိုင်းဝင် နေရာများတွင် အမှတ်တရ စာသားရေးသား သူများကို အရေးယူမည်


ရှေးဟောင်းသမိုင်းဝင် နေရာများသို့ ရောက်ရှိကြောင်း မင်ဖျက်ဆေးများဖြင့် အမှတ်တရ ရေးထိုးသူများကို အရေးယူတော့ မည်ဖြစ်ကြောင်း ယဉ်ကျေးမှုအ မျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သတင်းရရှိသည်။

ဇွန်လ ၁၅ ရက်တွင် မန္တလေး အမျိုးသားကဇာတ်ရုံ၌ ရှေး ဟောင်းကျောက်နံရံဆေးရေးပန်း ချီများနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ပွဲပြုလုပ်ခဲ့စဉ် တက် ရောက်လာသူ မန္တလေးတက္က သိုလ်မှ ကထိကဆရာမတစ်ဦးက မင်ဖျက်ဆေးများဖြင့် အမှတ်တရ ရောက်ရှိကြောင်း ရေးထိုးမှုများ ကို တားဆီးရန်အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ယဉ်ကျေးမှုအမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦး စီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ယင်းသို့ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

‘‘အမှတ်တရ ရေးထိုးတယ် ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လူမျိုး ရဲ့ ဂုဏ်သိက္ခာနောက်ပိုင်းမှာ ထိ ခိုက်လာနိုင်တဲ့အတွက် အရေးယူ မှု လုပ်တာပါ’’ဟု ၎င်းကပြောသည်။

မင်ဖျက်ဆေးများဖြင့် အမှတ်တရရောက်ရှိကြောင်း လက်မှတ် ရေးထိုးမှုများကို ပုဂံတွင် အများ ဆုံးတွေ့ရှိနေရပြီး အခြားနေရာ ဒေသများ၌လည်း ဖြစ်ပေါ်နေ ကြောင်း၊ ယင်းသို့ရေးထိုးထားမှု များကို ဓာတုဆေးရည်များဖြင့် လိုက်ဖျက်နေရကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ပြဒါးလင်းဂူမှ ကျောက်နံ ရံဆေးရေး ပန်းချီများသည်လည်း ကျပ်ခိုးများ ထူထပ်ခြင်း၊ မိုးရေစီးကြောင်းနှင့် ခရီးသွားများရေး မှတ်ခဲ့ခြင်းတို့ကြောင့် နံရံပန်းချီ များ ပျောက်ပျက်လာကြောင်း ဦးကျော်ဦးလွင်က ပြောသည်။

ပထမအဆင့်အနေဖြင့် သတိပေးစာများ ထုတ်ပြန်ခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင် ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက အရေးယူမှုများ စတင်ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ရှေးဟောင်းဒေသများသို့ အ လည်အပတ်ရောက်ရှိကြောင်း အမှတ်တရ ရေးထိုးလိုသော ခရီး သွားများအတွက် နေရာသတ်မှတ်ပေးရန် လိုအပ်နေကြောင်း မန္တလေးတက္ကသိုလ်မှ ကထိကဆရာမတစ် ဦးက အကြံပြုပြောကြားသည်။

7day daily

မှတ်ချက်များ