တရုတ်တွင် နှစ် ၈ဝဝ သက်တမ်းရှိ ရုပ်ပွားတော်ကြီးကို အကြီးစား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ပြီးစီး
ထင်ရှားသောနှစ် ၈ဝဝ သက် တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ပြန်လည်ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင် ရွက်ပြီးစီးပြီဟု တရုတ်ကျွမ်းကျင်သူ များကဆိုသည်။ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးအလုပ်ကို ၇ နှစ်ကြာ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ထိုဗုဒ္ဓရုပ်ပွားတော်မှာ ချန်ရှို ကွမ်ယင်ဖြစ်သည်။ ထိုရုပ်ပွားတော် တွင် လက်တစ်ထောင်ရှိပြီး တာ ကျူစီရင်စုတွင်ရှိသည်။ ယခုအခါ ဘုရားဖူးလာသူများသည်ထိုဗုဒ္ဓရုပ် ပွားတော်၏ အသွင်သစ်ကို ဖူးမြော်ကြ ရပြီဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။
ထိုဗုဒ္ဓရုပ်ပွားတော် ပြုပြင်ထိန်း သိမ်းရေး အစီအစဉ်ကို ၂ဝဝ၈ ခု နှစ်မှစ၍ဆောင်ရွက်ခဲ့ရာ ကုန်ကျ စရိတ် ယွမ်သန်း ၆ဝ ခန့်(အမေ ရိကန်ဒေါ်လာ ၉ ဒသမ ၈ သန်း ခန့်)ရှိကြောင်း သိရသည်။
အလုပ်သမားများသည် လက် ပေါင်း ၈၃ဝ နှင့်ကိရိယာတန်ဆာပ လာ ၂၂၇ ခုတို့ကို ပြုပြင်ထိန်းသိမ်း ခဲ့ရာ ရွှေပြားတစ်သန်းအသုံးပြုခဲ့ရ သည်ဟု ဘန်ကောက်ပို့စ်သတင်းအ ရသိရသည်။ အလုပ်သမားများ သည် ရုပ်ပွားတော်ကြီးတစ်ဆူလုံး ကိုသန့်ရှင်းရေးလည်း ပြုလုပ်ခဲ့သည် ဟုဆိုသည်။
ထိုရုပ်ပွားတော်ကြီး ပြုပြင် ထိန်းသိမ်းရေးစီမံကိန်းသည်အကြီး ဆုံးစီမံကိန်းကြီးဖြစ်ကြောင်း၊ ထိုရုပ် ပွားတော်ကြီးသမိုင်းတစ်လျှောက် တွင် ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ခဲ့ သည်မှာလေးကြိမ်ထက်မနည်းရှိ ကြောင်းသိရသည်။
ဒီမိုကရေစီ တူဒေး

မှတ်ချက်များ