ဓားဖြင့်အခုတ်ခံရ၍ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံး
အောင်လံမြို့နယ် ရွာသစ်ကျေးရွာ၌ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး ဓားဖြင့်အခုတ်ခံရသဖြင့် သေဆုံးမှု ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန် ၁၃ ရက် နေ့လယ်ပိုင်းက ရွာသစ်ကျေးရွာနေ မထက်ထက်ခိုင် (၁၄ နှစ်) သည် ဦးတင်ထွန်း၏ ယာခင်း၌ ဦးတင်ထွန်း၏ ဇနီး ဒေါ်အေးသိန်းနှင့် မဌေးယုလှိုင်တို့နှင့်အတူ ပေါင်းထိုးနေစဉ် မထက်ထက်ခိုင်၏ ဖခင်ဖြစ်သူ ဦးငစိုး၏ မယားညီအကိုတော်စပ်သူ ကံမြင့်ရောက်ရှိလာပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုဘဲ မထက်ထက်ခိုင်အား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ မထက်ထက် ခိုင်က ထွက်ပြေးရာတွင် နောက်မှလိုက်၍ ဓားဖြင့်ခုတ်သောကြောင့် မထက် ထက်ခိုင်မှာ ပြင်းထန်သော ဓားဒဏ်ရာငါးချက်ရရှိကာ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဓာဖြင့်ခုတ်သူ ကံမြင့်မှာ ဓားကိုကိုင်လျက် ထွက်ပြေးသွားခဲ့သဖြင့် ကံမြင့် အား အရေးယူပေးရန် မထက်ထက်ခိုင်၏ဖခင် ဦးငစိုးက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ပြီး နယ်မြေရဲစခန်းက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျ - Myanmaalinn
မှတ်ချက်များ